ရုပ်သံသတင်း

ဥကရစ်ထစခန်းကို စစ်ကောင်စီက ဘာကြောင့် အသည်းအသန် ကာကွယ်နေလဲ

“ဒီစခန်းလေးတောင် ရအောင်မတိုက်နိုင်မှတော့ တစ်နိုင်ငံလုံးသိမ်းဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုတဲ့ အယူအဆကို သူတို့ရဲ့ စစ်သည်တွေကြားထဲမှာ ထည့်ချင်တယ်။ အဓိကတော့ သူတို့တပ်ကလူတွေကို စည်းရုံးဖို့အတွက် တိုက်တာပဲ” – ဗိုလ်ကြီး ဇေသူအောင်

ရုရှားထုတ် တိုက်ခိုက်ရေးလေယာဉ်တွေဖြစ်တဲ့ Mig-29နဲ့ Yak-130 တို့အပြင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြစ်တဲ့ Mi-17 ကို စစ်ကောင်စီက အကြိမ်ရေ ရာနဲ့ချီပြီး ဥကရစ်ထစခန်းတိုက်ပွဲမှာ သုံးစွဲခဲ့တယ်လို့ သွားရောက်တိုက်ခိုက်ခဲ့တဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ခြေကုပ်စခန်းတစ်ခု လက်မလွှတ်ရစေဖို့အတွက် စစ်ကောင်စီက ငွေကြေးများစွာ အကုန်အကျခံပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဘာကြောင့်ပါလဲ။ စစ်ကောင်စီ လေတပ်မှာ ၁၇နှစ်ကြာ တာဝန်ထမ်းခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလမှာ CDM ဝင်လာခဲ့တဲ့ အုပ်လေသူရဲတစ်ဦးဖြစ်သူ ဗိုလ်ကြီး ဇေသူအောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/mpwx30O6hBs]

Show More

Related Articles

Back to top button