
စစ်ကောင်စီက သေဒဏ်စီရင်ခဲ့သည့် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်၏ မိသားစုဝင်များ နေထိုင်ရာ နေအိမ်များကို လူဦးရေ ၅၀ခန့်ရှိသည့် လူရမ်းကားအုပ်စုတစ်စုက ယနေ့(ဇူလိုင် ၂၇) မွန်းလွဲပိုင်းတွင် အော်ဟစ်ကြိမ်းမောင်းကာ နေအိမ်တိုက်ခန်းများကို ခဲလုံးအပြင် လောက်လေးခွနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီက တိုက်ရိုက်ကွပ်ကဲစီစဉ်သည်ဟု ယူဆရသည့် ထိုလူအုပ်စုက “မင်းတို့သားသမီးတွေကြောင့် သေတဲ့သူတွေအများကြီးပဲကွ၊ မင်းတို့ တစ်မျိုးလုံးကို သတ်ပစ်မယ်” ဟု အော်ဟစ်ဆဲဆိုနေသည့် ရုပ်သံဖိုင်ကို စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာများတွင် ကျယ်ကျယ်ပြန်ပြန့် ဖြန့်ချိလျက် ရှိသည်။
ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူ မသဇင်ညွန့်အောင်ကမူ လူအုပ်စု ဖွဲ့တိုက်ခိုက်ခံရသဖြင့် မိဘများအတွက် စိုးရိမ်နေရပြီး ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းကူညီပေးရန် တောင်း ဆိုသည်။
[youtube https://youtu.be/RKTZhV37cX4]