-
သတင်း
‘ပုဂ္ဂလဓိဋ္ဌာန်စွပ်စွဲပုတ်ခတ်’သည့် ပြည်ခိုင်ဖြိုးအမတ်ဆွေးနွေးချက် မှတ်တမ်းမှဖျက်
ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရခြင်းကြောင့် ပုဒ်မ ၅၉(စ) ကိုပြင်ရန် ကြိုးပမ်းသည့်သဘောမျိုး မက်မန်းအမတ် ဦးတင်အေးပြောသည့်စကားသည် လွှတ်တော်နည်းဥပဒေနှင့်မညီကြောင်း နာယကက ဆုံးဖြတ်သည်။
-
ရုပ်သံသတင်း
ကြံ့ခိုင်ရေးအမတ်တချို့ ခြေဥပြင်ဆင်ရေး ဆွေးနွေးမှုတွင်အချက်အလက်အမှားများနှင့် ပြောဆို
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုစတင်ခဲ့သည့် ယမန်နေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြံ့ခိုင်ရေးပါတီ အမတ်တချို့က အချက်အလက်အမှားများကို ထည့်သွင်းဆွေးနွေးခဲ့သည်။ ကြံ့ခိုင်ရေးပါတီ၊ မင်းကင်းမြို့နယ်အမတ် ဦးမောင်မြင့်နဲ့ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) က ဒေါ်နန်းနီနီအေးတို့သည် သမ္မတအရည်အချင်းကန့်သတ်ချက်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရာတွင် ကိုးကားချက်အမှားများကို ထည့်သွင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ သတင်း…
-
သတင်း
‘ရုန့်ရင်းကြမ်းတမ်းသည့်’ အမူအရာမလုပ်ရန် တပ်ကိုယ်စားလှယ်ကို လွှတ်တော်နာယကသတိပေး
တပ်က တင်သွင်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းပါ အချက်တစ်ချက် ကျန်ခဲ့သည့်အတွက် ဗိုလ်ချုပ် တင်ဆွေဝင်းက အော်ဟစ်ပြောဆိုမှုအပေါ် ဦးတီခွန်မြတ်က သတိပေးလိုက်ခြင်းဖြစ်သည်။
-
သတင်း
ကျပ်သန်း ၄၂၀ အလွဲသုံးသည့် ခရိုင်ရဲမှူးကို ထောင် ၁၀ နှစ်ချခဲ့ဟု ဒုဝန်ကြီးပြော
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း အလွဲသုံးမှုတွင် ပါဝင်ပတ်သက်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းရန် စစ်ဆေးနေသည်ဟု ပြည်ထဲရေးဒုဝန်ကြီးက လွှတ်တော်၌ ပြောသည်။
-
ရုပ်သံသတင်း
ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို အစားထိုးမည်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးသုံးဦးအနက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနေရာတွင် နောက်ထပ်တစ်ဦး ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံ တင်ပြထားသည်ဟု သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ယနေ့ အတည်ပြုလိုက်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ယခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် အသက်…