-
သတင်း
ထီးချိုင့်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ၉ ဦးသေဟု PDF ပြော
လက်နက်ကိုင်ခုခံမှုပြင်းထန်သော စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ၂ ကြိမ် မိုင်းထောင် တိုက်ခိုက်ခဲ့သည်ဟု PDF က ဆိုသည်။
-
သတင်း
ချင်း-မကွေးနယ်စပ်တွင် တိုက်ပွဲဆက်နေ
လက်နက်ကိုင် ခုခံမှုအားကောင်းရာ ထိုဒေသ တောတောင်များထဲတွင် လှည့်လည်၍ စစ်ရေးလှုပ်ရှားနေသည့် စစ်တပ်ကို ဒေသကာကွယ်ရေးအဖွဲ့များက လက်လုပ်စိန်ပြောင်းနှင့် မိုင်းများ အသုံးပြုကာ တိုက်ခိုက်သည်။
-
သတင်း
တိုက်ပွဲဆက်နေသော ကန်ပက်လက်တွင် ရွာသားများ စစ်ရှောင်
CDF ကန်ပက်လက်ဌာနချုပ်မှ ဆုတ်ခွာသွားသူများနောက်ကို လိုက်လံ ရှာဖွေနေသော စစ်ကောင်စီတပ် ချုံခို တိုက်ခိုက်ခံနေရပြီး တိုက်ပွဲများကြောင့် ဒေသခံတို့ တိမ်းရှောင်နေကြသည်။
-
သတင်း
ကျောက်ထုတွင် စစ်ကားအစီး ၉၀ ပါယာဉ်တန်းကို PDF က မိုင်းခွဲတိုက်ခိုက်
ပခုက္ကူမှ ကျောက်ထုသို့လာသည့် စစ်သုံးထရပ်ကား အစီး ၉၀ ကျော်ကို လမ်းတစ်လျှောက် တိုက်ခိုက်ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံး၍ တစ်စီးမီးလောင်သည်ဟု PDF ဘက်က ပြောသည်။
-
သတင်း
ကျသွားသည့် ဌာနချုပ်ကို ပြန်သိမ်းမည်ဟု CDF ကန်ပက်လက် ပြော
လက်နက်အင်အားနည်းပါးပြီး ကျည်ဆန်မလုံလောက်ခြင်း၊ ဒေသခံများ ထိခိုက်မည်ကို စိုးရိမ်ခြင်းတို့ကြောင့် စခန်းမှ ဆုတ်ခွာခဲ့ရသည်ဟု CDF ကန်ပက်လက်အဖွဲ့က ဆိုသည်။