အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်တောမြို့ ထွေအုပ်ဝန်ထမ်း သေဆုံးမှုတွင် ၄ ဦး ပြန်လွတ်၊ ၁ ဦး ဆက်အဖမ်းခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး သံသယဖြစ်ခံရသူ ၅ ဦးကို ခေါ်ယူစစ်ဆေးနေရာ ၄ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၂၄) တွင် သတင်းထုတ်ပြန်ထားသည်။

ကျူးလွန်ခဲ့သူများထဲမှ မောင်တောမြို့ မြို့မအနောက်ရပ်ကွက်နေသူ အသက် ၁၄ နှစ်အရွယ် နော်ဘီဟူဆောင်းကို ဖမ်းဆီးရမိထားသည်ဟု ပြည်နယ်စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

”အမှုနဲ့ ပတ်သက်ပြီး မနေ့က သံသယရှိသူ ၅ ဦးကို ရဲက ဖမ်းဆီးစစ်ဆေးတယ်။ အဲဒီအထဲက တရားခံတစ်ယောက်ကိုတော့ ဖမ်းမိတယ်”ဟု မောင်တောမြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူသည် မောင်တောတောင်ပိုင်း မြင်းလွှတ်မြို့၊ ထွေအုပ်ရုံး အကူစာရေးဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုဆန်းဌေးနိုင်ဖြစ်သည်ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့ (ဒီဇင်ဘာ ၂၃) နံနက် ၇ နာရီခန့်က မောင်တောမြို့၊ နယ်စပ်ကုန်သွယ်ရေးစခန်းအနီး အမှတ်(၁) ဝင်/ထွက်ဂိတ် နယ်ခြားစောင့်ရဲကင်းစခန်းဝန်းကျင်ရှိ POE လှေဆိပ်တွင် သူ၏ ရုပ်အလောင်းကို တွေ့ခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

လှေဆိပ်၌ အသတ်ခံရသူ၏ ဆိုင်ကယ် ရပ်ထားကြောင်း၊ အင်္ကျီအိတ်ကပ်ထဲတွင် အကြွေးစာရင်းဟု ယူဆရသည့် စာရွက်တစ်ရွက် တွေ့ရကြောင်း သူက ပြောသည်။ 

“သွေးစက်တွေလည်းတွေ့တယ်။ အဲဒီနားမှာ တံဆိပ်တောင် မခွာရသေးတဲ့ အသားလှီးဓားတစ်ချောင်း တွေ့တယ်။ ဆိုင်ကယ်တွေ့တယ်။ ဖုန်းကိုတော့ မတွေ့တော့ဘူး။ သူ့အိတ်ထဲမှာ အကြွေးစာရင်းစာရွက် တစ်ရွက်ရတယ်။ အဲဒါကို ရဲက ယူသွားတယ်” ဟု သူက ဆိုသည်။

မောင်တောမြို့ ဦးဥတ္တမလမ်းတွင် နေထိုင်ခဲ့သည့် ထွေအုပ်ဝန်ထမ်း ကိုဆန်းဌေးနိုင်တွင် ဇနီးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။

အမှုမှာ ငွေချေးမှုနှင့် ဆက်စပ်နေပုံရသည်ဟု မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်‌ဟောင်းတစ်ဦးဖြစ်သူ ဦးမောင်အုန်းက ပြောသည်။

”အကြွေးပေးစရာရှိတဲ့သူက အကြွေးပေးမယ်ဆိုပြီး ခေါ်လို့သွားတဲ့အချိန်မှာ အသတ်ခံရတာလို့ သိရပါတယ်။ အခု အကြွေးပေးမယ်ဆိုပြီး ခေါ်တဲ့လူကိုလည်း ရှာမတွေ့တော့ဘူးလို့ သိရပါတယ်” ဟု ၎င်းက ကြားသိရပုံကို ပြောသည်။

ဒီဇင်ဘာ ၂၂ ည  ၁၂ နာရီခန့်တွင် သတ်ဖြတ်ခံရသည်ဟု ယူဆရကြောင်း၊ သံသယရှိသူများကို ဖမ်းဆီး စစ်ဆေးနေကြောင်း မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်ကို ကိုးကားပြီး ရခိုင်အခြေစိုက်သတင်းဌာနများတွင် ဖော်ပြခဲ့သည်။  

သံသယဖြစ်ခံရသူ  ၅ ဦးကို ဖမ်းထားသည်ဟု ကြားရကြောင်း ဒေသခံများထံမှ ယမန်နေ့က သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button