အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပခုက္ကူတွင် စစ်ကောင်စီထောက်ပို့ရထားကို PDF နှစ်ဖွဲ့ပေါင်းတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ၏ ထောက်ပို့ရထားကို ယမန်နေ့ (ဒီဇင်ဘာ ၂၁) နံနက်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) နှစ်ဖွဲ့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PPDF) က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးခန့်လိုက်ပါလာပြီး ပခုက္ကူမှ ကျွန်းချောင်းဘက်သို့ ခုတ်မောင်းနေသည့် ထောက်ပို့ရထားကို နန်းတော်ရပ်ကျေးရွာနှင့် ထန်းပင်ကိုင်ကျေးရွာကြားတွင် မိုင်းလေးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ စက်ခေါင်းအပါအဝင် ရှေ့ပိုင်းတွဲများ အကြီးအကျယ်ပျက်စီးသွားသည့်ပြင် စစ်သားငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်ဟု PPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧရာဝတီမြစ်ကမ်းဘေး ဒေသများဖြစ်သော မြစ်ခြေနှင့် ကျွန်းချောင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC-KCDF) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရထားတွင် မည်သည့်ပစ္စည်းများ တင်ဆောင်လာသည်ကို မသိရကြောင်း ထိုပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အတွင်းသတင်းအရ ရှစ်ယောက်လုံး (စစ်သား) ဆေးရုံကို ရောက်လာတယ်။ သုံးယောက်လောက် ခြေထောက်ဖြတ်ရတယ်လို့ ကြားတယ်၊ ဒါတော့ အတည်မပြုနိုင်ဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ပျက်စီးသွားသည့် ရထားကို အခြားတစ်စီးဖြင့် ပခုက္ကူမြို့ဘက်သို့ ဆွဲယူသွားသည်ဟု သတင်းရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ထောက်ပို့ရထားတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်ကလည်း ကျွန်းချောင်း−ဆိပ်ဖြူလမ်းပေါ်တွင် PPDF နှင့် ပေါင်းကာ စစ်ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၇ ဦးသေမည်ဟု MC-KCDF က ထုတ်ပြန်ထားဖူးသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို ခုခံတော်လှန်မှုများ အရှိန်မြင့်တက်နေဆဲဖြစ်ကာ ဒေသအသီးသီးတွင် ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဖြစ်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button