အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သန်လျင်မြို့နယ် စီးနင်းမှုတစ်ခုတွင် ပကဖဘက်မှ ၁ ဦးသေ၊ ၃ ဦး ဖမ်းခံရ 

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ လဟာရပ်ရွာအနီးရှိ  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များ တည်းခိုနေသော နေအိမ်တစ်လုံး ယမန်နေ့ (ဒီဇင်ဘာ ၁၇) နံနက် ၉ နာရီခန့်တွင် စီးနင်းပစ်ခတ်ခံရသဖြင့် ၁ ဦး သေဆုံး၊ ၃ ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။

အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦး ပေါင်နှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သန်လျင်ပကဖ တာဝန်ခံတစ်ဦးက ပြောသည်။

“အဖမ်းခံရတာက ​​ယောက်ျားလေး ၂ ယောက်၊ မိန်းကလေး ၁ ယောက်” ဟု ၎င်းက ပြောသည်။

“အဲဒီနေရာကို သတင်းပေးဒလန်က လက်ညှိုးလိုက်ထိုးပြတာ။ အဲဒီမှာ အဲဒီနေရာကို ဝိုင်းပစ်တာပေါ့။ စစ်ကောင်စီအဖွဲ့ဝင် ၃၀ ကျော်လောက်လာတယ်။ လက်နက်အပြည့်နဲ့ ဝိုင်းပစ်တာ” 

ကုလားဝဲတံတားအနောက်ဘက်ခြမ်း ထိုရွာအနီးရှိ စီးနင်းခံရသည့် နေအိမ်မှ သေဆုံးသူတစ်ဦး၏ အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း ယင်းတာဝန်ခံက ဆက်ပြောသည်။  

“ကျွန်တော်တို့မြို့နယ်မှာ ပကဖအဖွဲ့ဝင်တွေ ဒီလိုကျဆုံးသွားရတယ်ဆိုတာ ဒီဒလန်တွေကြောင့်ပဲ။ အချိန်ကာလအများကြီး အဲဒီဝပ်ကျင်းတွေမှာ နေလာတာ၊ ဒလန်က မပြောရင် ဒီကောင်တွေအုပ်ချုပ်ရေးပိုင်းတွေက ဘယ်လိုမှမသိနိုင်ဘူး” ဟု ၎င်းက ပြောသည်။

ပစ်ခတ်ဖမ်းဆီးမှုနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထိန်းချုပ်သည့် အင်တာနက်စာမျက်နှာများတွင်လည်း သတင်းထုတ်ပြန်ထားသည်ကို ယနေ့ (ဒီဇင်ဘာ ၁၈) ညနေပိုင်းအထိ မတွေ့ရသေးပေ။  

ဒေသကာကွယ်ရေးအဖွဲ့ဝင် ကိုဖြိုးမောင်မောင်ဦး(ခ) ဖြိုးကြီး၏ အလောင်းကို စစ်ကောင်စီက မိသားစုကို တွေ့ခွင့်မပေးဘဲ ပိုင်ရှင်မဲ့အလောင်းပုံစံဖြင့် ပျဉ်ထောင်ကျောင်းသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သန်လျင်အခြေစိုက် Facebook Page တစ်ခုတွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button