ရုပ်သံသတင်း

ရန်ကုန်မြို့လယ်တွင် လူငယ်များ ပြောက်ကျားဆန္ဒပြ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတစ်ခုကို ရန်ကုန်မြို့လယ်တွင် ယနေ့(နိုဝင်ဘာ ၃၀) နံနက်ပိုင်းက ပြောက်ကျားပုံစံဖြင့် ပြုလုပ်ခဲ့သည်။ အထွေထွေသပိတ်ကော်မတီ GSC ဦးဆောင်ပြီး ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်သပိတ်ကော်မတီ၊ ဗိုလ်တထောင်-ပုဇွန်တောင် လူငယ်သပိတ်ကော်မတီ၊ တာမွေမြို့နယ်သပိတ်ကော်မတီနှင့် သာကေတမြို့နယ်သပိတ်ကော်မတီလူငယ်များ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှု ၁၀လခန့် ရှိလာသည့်တိုင် ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ပုံစံမျိုးစုံဖြင့် ဆက်လက်အန်တုနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/TWbm4TKQAB4]

Show More

Related Articles

Back to top button