အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ငယ် PDF လှုပ်ရှားခဲ့သည့်ရွာကို စစ်တပ် ဝင်စစ်ဆေး

အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရသည့် မန္တလေး၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာကို ယမန်နေ့ (နိုဝင်ဘာ ၈) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ရွာသားတချို့ကို စစ်ဆေးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကား ၂ စီးဖြင့် ရောက်လာသော စစ်သားများက ကျေးရွာ အထက (ခွဲ) တွင် တပ်စွဲလျက် မီးလောင်မှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် ပတ်သက်၍ စစ်ဆေးသွားပြီး စစ်သား ၈ ဦး အစောင့်​ချထားခဲ့ကြောင်း ၎င်းက ဆိုသည်။ 

နိုဝင်ဘာ ၇၊ နံနက် ၃ နာရီခွဲခန့်က ရေကြည်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမီးရှို့သူကို ဒေသခံတချို့က လိုက်လံဖမ်းဆီးကြကြောင်း၊ မီးရှို့သူတို့မှာ PDF မှ ဖြစ်သည်ကို နောက်ပိုင်းမှ သိခဲ့ရကြောင်း ၎င်းက ပြောသည်။  

“အစက လိုက်ဖမ်းတာဆိုတော့ ပျူစောထီးတွေ မီးရှို့လို့ လိုက်ဖမ်းတယ် ထင်လိုက်သေးတာ။ အခုဆို ဘေးရွာတွေက ကျွန်တော်တို့ရွာကို ဒလန်ရွာဆိုပြီး ခေါ်နေကြပြီ။ အဲဒီနေ့ည လိုက်ဖမ်းတဲ့ကောင်တွေကို လုံးဝမကျေနပ်ဘူးဗျာ” ဟု လုံခြုံရေးအရ အမည်ဖော်ပြခြင်း မပြုနိုင်သော အထက်ပါ ရေကြည်ပေါက် ရွာသားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမရပူရနှင့် ကပ်လျက်တည်ရှိသည့် မြစ်ငယ်မြို့မှ PDF အဖွဲ့က ထိုရုံးမီးရှို့မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က အယောင်ပြမီးရှို့တာပါ။ မမျှော်လင့်ဘဲ သတင်းပေးဒလန်နဲ့ ရွာသားတချို့က လိုက်တာ ကြုံရတယ်။ စစ်ဆင်ရေးလုပ်ကတည်းက မဆိုင်တဲ့ရွာခံတွေ ထိမှာစိုးလို့ ဗုံးမသုံးဘဲ မီးနည်းနည်းလေး ရှို့ပြီး မျှားတာ” ဟု  မြစ်ငယ် PDF တာဝန်ခံက ယမန်နေ့က ပြောသည်။ 

“အဲဒါနဲ့ ဆုတ်သွားအောင် လွတ်တဲ့နေရာမှာ ဗုံးခွဲပြလိုက်မှ နောက်ဆုတ်သွားကြတယ်” 

မြစ်ငယ် PDF တာဝန်ခံ နောက်တစ်ဦးကလည်း ရေကြည်ပေါက်ကျေးရွာမှ ယက္ကန်းလုပ်ငန်းရှင်တချို့အပါအဝင် ဒေသခံတချို့သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့် ပိုမိုသတိထားလုပ်ဆောင်ခဲ့ရသည်ဟု Myanmar Now ကို ပြောသည်။

“စစ်ကောင်စီနဲ့ ပတ်သက်ရာနေရာတွေမှာ တစ်ခုခုဖြစ်ရင် မစပ်စုကြဖို့ ပြောချင်ပါတယ်။ ဒီတစ်ခါကတော့ ကျွန်တော်တို့ ရှောင်နိုင်ခဲ့ပေမဲ့ နောက်တစ်ခါဆို ရှောင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဝေးဝေးနေပေးကြဖို့ တောင်းဆိုပါတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

မြစ်ငယ် PDFက ယမန်နေ့က သတိပေးချက်ထုတ်ပြန်ရာတွင် စစ်ကောင်စီကို ထောက်ခံ၍ဖြစ်စေ၊ အန္တရာယ်ပြုခံရမည်စိုး၍ဖြစ်စေ၊ လုပ်ငန်းများအဆင်ပြေစေလို၍ဖြစ်စေ၊ လှူဒါန်းထည့်ဝင်မှုသည် ပြည်သူကို သတ်မည့် ကျည်ဆန်ဖိုးဖြစ်သွားနိုင်သည်ဟု သတိပေးထားသည်။ 

မည်သူက ငွေကြေးမည်မျှ ထောက်ပံ့ထားသည်ကိုလည်း စာရင်းအတိအကျရရှိထားကြောင်း ထိုသတိပေးချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီကလည်း ပြောက်ကျားတိုက်ခိုက်နေသည့် PDF များကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကာ စစ်တပ်စေလွှတ်ပြီး လိုက်လံချေမှုန်းလျက်ရှိသည်။  

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button