အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်ကြေးရုပ်ဂယက် လွိုင်ကော်တွင် လူရာနှင့်ချီ လမ်းပေါ်ထွက်

လနှင့်ချီ ကန့်ကွက်နေမှုများကို လျစ်လျူရှုပြီး ကယားပြည်နယ် မြို့တော်လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ် နှင့် စီမံဘဏ္ဍာဝန်ကြီးတို့အား နုတ်ထွက်ပေးရန် ရာနှင့်ချီသော ဆန္ဒပြသူများက လွိုင်ကော်မြို့တွင်း လှည့်လည် ဆန္ဒပြနေကြသည်။

ဆန္ဒပြသူများက ၎င်းတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်ကို အကောင်အထည်အဖော်ဘဲ ရုပ်တုကိုသာ အတင်းအကျပ် စိုက်ထူခဲ့ခြင်းအတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဟောပြောခဲ့ကြသည်။

မြို့တွင်းလှည့်လည် ဆန္ဒပြကြသည့် လူအုပ်သည် နံနက် ၁၀ နာရီခန့်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူထားသည့် လွိုင်ကော်မြို့လယ်ပန်းခြံရှေ့တွင် ထိုင်သပိတ်ဆင်နွှဲနေကြသည်။

ဒါဇင်နှင့်ချီသော လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များသည် ပန်းခြံဝင်ပေါက်များကို ပိတ်ဆို့ကာ ဆန္ဒပြသူများကို စောင့်ကြည့်နေကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆန္ဒပြသူများက အစိုးရအရာရှိများအား ယနေ့နေ့လယ် ၁၂ နာရီမတိုင်မီ လာရောက်ညှိနှိုင်းရန် တောင်းဆိုခဲ့ကြပြီး လာရောက်မတွေ့ဆုံပါက ပိုမိုပြင်းထန်သည့် တုံ့ပြန်မှုကို တွေ့ကြုံရမည်ဟုလည်း သတိပေးကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button