အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေအိမ်တွင် ပစ်ခတ်ဖမ်းဆီးခံရသည့် ပဲခူးမြို့မှ လူငယ် သေဆုံး

စစ်ကောင်စီတပ်သားများ ယမန်နေ့က နေအိမ်အထိ သွားရောက်ပစ်ခတ်ဖမ်းဆီးသည့် ပဲခူးမြို့မှ အသက် ၂၄ နှစ်အရွယ် ကိုစည်သူကောင်းမြတ် ယနေ့(စက်တင်ဘာ၂၄) မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားသည်။

ဟင်္သာကုန်း ၁၉ ရပ်ကွက်၊ ဇေယျာအောင်မြေလမ်း နေအိမ်တွင် ရဲက လာဖမ်းစဉ် ရရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် ပဲခူးမြို့ဆေးရုံသို့ ရောက်ရှိနေသည့် ၎င်း၏ အခြေအနေကို ဒေသခံတချို့က သွားရောက်စုံစမ်းခဲ့ရာမှ ထိုသို့ သိရခြင်းဖြစ်ကြောင်း ထိုရပ်ကွက်နေ အမျိုးသားတစ်ဦးက အတည်ပြုသည်။

ကိုစည်သူကောင်းမြတ်၏ မိခင်ကိုပါ ရဲက တစ်ပါတည်းဖမ်းသွားပြီး ပြန်မလွှတ်သေး၍ နာရေးကိစ္စ မည်သို့စီစဉ်မည်ကို မသိရသေးသလို ၎င်းကွယ်လွန်ပြီး နောက်တစ်နာရီခန့်အကြာ မွန်းလွဲ ၂ နာရီခန့်တွင် မိသားစုနေအိမ်ကို ရဲက ချိပ်လာပိတ်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့က ဆွေမျိုးမရှိဘူး။ အမေတစ်ခုသားတစ်ခုနေကြတာ။ ဆွေမျိုးမရှိတော့ သူ့ကို လိုက်ထုတ်ပေးမဲ့သူလည်း မရှိဘူး။ ရပ်ကွက်ကလူတွေကလည်း ဘယ်သူ့ကို အကူအညီတောင်းလို့တောင်းရမှန်း မသိဘူး။ ဘယ်မှာထိန်းသိမ်းထားလို့ ထိန်းသိမ်းထားမှန်းမသိဘူး”ဟု အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့အတူ အသက် ၅၀ အရွယ် ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူကို ဖမ်းဆီးရသည့် အကြောင်းရင်း၊ အိမ်ချိပ်ပိတ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းထံ မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပါ။ 

မိခင်ဖြစ်သူ၏ အသေးစိတ်အချက်အလက်များကိုလည်း စုံစမ်း၍ မရသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီသည် ၎င်းတို့ အလိုရှိသူကို မမိလျှင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများပါမချန် ဓားစာခံအဖြစ် ဖမ်းဆီးလေ့ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စာရင်းအရ စက်တင်ဘာ ၂၄ ထိ စစ်ကောင်စီက ဖမ်းထားသူ ၇၀၀၀ နီးပါး၊ ၎င်းတို့လက်ချက်ဖြင့် သေဆုံးရသူ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။

AAPPကို တရားမဝင်အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် စစ်ကောင်စီကမူ ထိုသို့သော ကိစ္စများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်လေ့မရှိပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button