အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှည်းကူးတွင် ပေါက်ကွဲမှုဖြစ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ရန်ကင်း ၆ လမ်းရှိ ရိပ်သာရပ်ကွက်ရုံးရှေ့တွင် ရပ်နားထားသော ကားအနီး ယနေ့ (စက်တင်ဘာ ၈) နံနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေး အမျိုးသားတစ်ဦး ဒဏ်ရာရသွားသည်။

ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် အုပ်ချုပ်ရေးမှူးမှာ ခြေထောက်နှစ်ဖက်တွင် ဒဏ်ရာရခဲ့ကြောင်း၊ ရုံးစာရေးမှာ ထိခိုက်မှု ပိုများခဲ့ကြောင်း၊ နှစ်ဦးစလုံးကို လှည်းကူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း မျက်မြင်များကို ကိုးကား၍ အမျိုးသားတစ်ဦးက ပြောသည်။ 

“ကားနားမှာရှိတဲ့အချိန်ဖြစ်တာ။ ကားနားရောက်နေတဲ့အချိန်မှာ ကားအောက်ကို ပစ်ထည့်သွားတာ။ ကားကတော့ အနောက်ပိုင်းတွေ ထိသွားတယ်။ မှန်တွေဘာတွေ ကွဲသွားတယ်” ဟု ၎င်းက ပြောသည်။ 

“ရုံးစာရေးကတော့ ထိတာပိုများတယ် လက်တွေဘာတွေ ထိသွားတာ” ဟုလည်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပေါက်ကွဲမှုဖြစ်ပြီး များမကြာမီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုနေရာသို့ ရောက်လာကာ ရပ်ကွက်အတွင်း စစ်ဆေးမေးမြန်းနေသလို အဆိုပါ ဧရိယာအတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်များကိုပါ ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်နေသော်လည်း မရသေးပါ။

လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက်၊ အလယ်ပိုင်းမင်းလမ်း၊ သဉ္ဇာဦးမှတ်တိုင်အနီး ရပ်ထားသည့် စစ်သုံးယာဉ်ဗုံးခွဲတိုက်ခိုက်ခံရမှုတစ်ခု ဩဂုတ် ၃၁ ရက်တွင် ဖြစ်ခဲ့သေးသည်။

အာဏာသိမ်းစစ်ကောင်စီကို ယမန်နေ့(စက်တင်ဘာ ၇)မှစ၍ နိုင်ငံအနှံ့ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ဆန့်ကျင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပြီးနောက်တွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့သည်။

NUG က စတင်စိန်ခေါ်သည့် ယမန်နေ့ တစ်ရက်အတွင်း ရန်ကုန်၊ မန္တလေးတို့တွင် ပေါက်ကွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှုများတိုးလာပြီး ၅ ကြိမ်စီ အနည်းဆုံးရှိသည်ဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(စက်တင်ဘာ ၈)တွင် ဧရာဝတီသတင်းဌာနကို ပြောထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button