အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ထိုင်းစိုက်ပျိုးရေးကို တရုတ်တို့ လက်ဝါးကြီးအုပ်နေပြီလား

ထိုင်းနိုင်ငံသားအမည်ခံ တရုတ်လုပ်ငန်းးရှင်တွေရဲ့ စီးပွားရေးတွေဟာ ပြည်တွင်းမှာ တဖြည်းဖြည်း ကြီးထွားလာနေတဲ့အပေါ် ထိုင်းအာဏာပိုင်တွေအနေနဲ့ နှိမ်နှင်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍမှာ တရုတ်ကုမ္ပဏီတွေရဲ့ လွှမ်းမိုးမှုက ပိုပိုကြီးမားလာတဲ့အပေါ် စိုးရိမ်စရာလည်း ဖြစ်လာတယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း ရက်ချာဘူရီ ပြည်နယ်က အုန်းစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ‘ထန်ဝါ’ဆိုသူကတော့
“တရုတ်ကုမ္ပဏီတွေကသာ ဒီအုန်းသီးလုပ်ငန်းကို ဆက်ပြီး ကြီးစိုးထားမယ်ဆိုရင် ကျွန်တော်တို့ ထမင်းအိုး ကွဲတော့မှာပဲ” လို့ ပြောပါတယ်။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ထန်ဝါဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက သူ့အဖေ စတင်ခဲ့တဲ့ အုန်းခြံကို ဆက်ခံ လုပ်ကိုင်နေတာပါ။ သူ့ရဲ့ ၁၂ ဧကကျော် ကျယ်တဲ့ ခြံထဲမှာ အုန်းပင်ပေါင်း ၁,၀၀၀ ကျော် ရှိပါတယ်။

ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့ အုန်းခြံက အရှုံးပေါ်နေတာ များလာရတဲ့ အကြောင်းရင်းကတော့ ၂၀၂၄ ခုနှစ်ဝန်းကျင်လောက် တရုတ်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ ပွဲစားတွေ အလုံးအရင်းနဲ့ ဝင်လာတဲ့အချိန်ကစလို့ အုန်းသီးဈေးတွေ ထိုးကျသွားပြီး အခုဆိုရင် အုန်းသီးတစ်လုံးကို ၃ ဘတ် လောက်ပဲ ရပါတော့တယ်။ ဒါက အရင် ရနေကျဈေးရဲ့ သုံးပုံတစ်ပုံအောက်ကို ရောက်သွားတာ ဖြစ်ပါတယ်။

ထိုင်းရဲ့ အုန်းသီးဈေးကွက်ကို ချုပ်ကိုင်မိထားတဲ့ တရုတ်ကုမ္ပဏီတွေဟာ အုန်းသီးတွေကို အောက်ဈေးနဲ့ လိုက်ဝယ်နေလို့ပဲ ဖြစ်ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button