အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆင်ပေါင်ဝဲမြို့နယ်တွင် NLD အမတ်၏ ဖခင်ကို စစ်တပ်က ပစ်သတ် 

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင်အမတ်၏ ဖခင်ကို ယနေ့ (ဇူလိုင် ၁၆) နံနက်ပိုင်းတွင် စစ်တပ်က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ခံ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးရန်အောင်မျိုး၏ ဖခင်ဖြစ်သူ အသက် ၆၀ အရွယ် ဦးတင်အုန်းကို ယာခင်းတွင် စစ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံနှစ်ဦးက Myanmar Now ကို အတည်ပြုသည်။

ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာတွင် နေထိုင်သူ ဦးတင်အုန်းသည် ယနေ့ နံနက် ၁၀ နာရီခန့်က နှမ်းခင်းထဲတွင် အလုပ်လုပ်နေစဉ် စစ်သားများရောက်လာပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။

“ပစ်တဲ့ခတ်တဲ့ အသံကတော့ အချက် ၂၀ လောက်တော့ ပစ်တယ်တဲ့ခင်ဗျ။ တောသူတောင်သားဆိုတော့ ပုံမှန်ယာလုပ်ငန်းလုပ်တာပေါ့။ သူတို့ရှိတဲ့နေရာကို ဘယ်လိုသိလဲဆိုတော့ ဒလန်ရှိလို့ပေါ့ခင်ဗျ” ဟု အဆိုပါ ရွာသားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးတင်အုန်း၏ အလောင်းကို စစ်တပ်က သုံးဘီးဆိုင်ကယ်ဖြင့် သယ်ယူသွားသည်ကို ရွာသားအချို့ မျက်မြင်တွေ့ခဲ့ပြီး ဦးတင်အုန်း၏ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရတော့ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ဖုန်းဆက်လို့လည်းမရဘူး။ သူတို့က ဖုန်းမှမကိုင်တာ။ ဖုန်းကိုမရှိတာ” ဟု ၎င်းက ဆိုသည်။ ဦးတင်အုန်းအသတ်ခံရခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အသေးစိတ်ကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

မွန်းလွဲ ၂ နာရီခန့်တွင် ဦးတင်အုန်း၏ ရုပ်အလောင်းကို ဆင်ပေါင်ဝဲမြို့နယ်ဆေးရုံတွင် မိသားစုဝင်ကိုယ်တိုင်လာရောက်ထုတ်ယူရန် စစ်ကောင်စီက အကြောင်းကြားလာသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဖြစ်သူတို့ သွားရောက်ထုတ်ယူနေသည်ဟုလည်း ဆင်ပေါင်ဝဲဒေသခံတစ်ဦးက ပြောသည်။

ဦးတင်အုန်း၏ ရုပ်အလောင်းကို နက်ဖြန် (ဇူလိုင် ၁၇) တွင် ဂူသွင်းသင်္ဂြိုဟ်ရန် အုတ်ဂူပြုလုပ်လျက်ရှိသည်ဟု သိရသည်။ 

ဦးတင်အုန်း၏ သားဖြစ်သူ လွှတ်တော်အမတ် ဦးရန်အောင်မျိုးသည် သငှားရွာအနီးရှိ ဧကရာဇ်ရွာတွင် နေထိုင်ပြီး စစ်အာဏာသိမ်းပြီး ဧပြီလကတည်းက တိမ်းရှောင်နေရသူဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ဦးရန်အောင်မျိုးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဆင်ပေါင်ဝဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သူဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button