အခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့ဟာ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၁နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။
နောင်တစ်ချိန် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမယ့် မောင်ထိန်လင်း ကို မကွေးတိုင်း၊ နတ်မောက်မြို့မှာ ၁၉၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ မွေးဖွားခဲ့တာပါ။
အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇာတိ နတ်မောက်ဟာ ၂၀၂၁စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာလည်း အားကောင်းခဲ့ပါတယ်။
နတ်မောက်မြို့နယ်သူ၊ မြို့နယ်သား အများအပြားဟာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်ရာမှာ နည်းမျိုးစုံနဲ့ပါဝင်နေကြပြီး၊ တော်လှန်ရေးကာလ ၅နှစ်ပြည့်မြောက်လာချိန်မှာတော့ နတ်မောက်သား တော်လှန်ရေးသမားတွေဟာ မြို့နဲ့ ၅မိုင်ပတ်လည်လောက်အထိကို ချဉ်းကပ်လာနိုင်ပြီ ဖြစ်ပါတယ်။
စထွန်းအောင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



