ကာလရှည်ကြာ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့ မျက်နှာသာရဖို့အတွက် ပြန်လည်စတင်ဖို့ မကြာသေးခင်က အာဏာသိမ်း ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် ထုတ်ပြောလာပါတယ်။
အထူးသဖြင့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကနေ အခုနှစ် အစောပိုင်းမှာ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ပြန်စဖို့ ကြိုးပမ်းမှုတွေ ပိုထင်ရှားလာတာပါ။
လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းဖို့ဆိုပြီး စစ်ဗိုလ်ချုပ်တွေက အကြောင်းပြပေမယ့် လက်တွေ့မှာ ဆိုးကျိုးပိုများလာမှာဖြစ်တာကြောင့် ပညာရှင်တွေနဲ့ ဒေသခံတွေက ဒီစီမံကိန်းကို တစိုက်မတ်မတ် ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ချင်နေတဲ့ စစ်တပ်ရဲ့ ရည်ရွယ်ချက်နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို မြန်မာနိုင်ငံမှာ ကျေးလက်ဖွံ့ဖြိုးရေး၊ အသိပညာပေးရေးတွေကို နှစ်ပေါင်း ၂၀ ကျော် လုပ်ဆောင်နေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သဘာဝသယံဇာတ တရားမျှတရေးကို ဆောင်ရွက်နေသူ ဇုန်းသိန်း နဲ့ Myanmar Now သတင်းထောက် မသဇင်လှိုင် တွေ့ဆုံမေးမြန်း ထားပါတယ်။
ရိုက်ကူး-မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



