တပ်ပေါင်းစုအင်အားနဲ့ စစ်ရေးကို အရှိန်မြှင့်ဖို့လိုတာကြောင့် ပြည်သူလူထုရဲ့ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ တပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကနဦးအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ အသစ်ဖွဲ့လိုက်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှာ အင်အား တစ်သောင်းခွဲဝန်းကျင်ရှိပြီး မဟာဗျူဟာကျတဲ့ စစ်ဆင်ရေးတွေ၊ ထိုးစစ်တွေ အကောင်အထည်ဖော်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ရဲ့ထိုးစစ်နဲ့ အိမ်နီးချင်းတရုတ်ရဲ့ဖိအားကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရချိန်မှာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဘာကြောင့် ပေါ်ပေါက်လာရသလဲ၊ ပြည်သူတွေအနေနဲ့ ဘာမျှော်လင့်လို့ရမလဲဆိုတာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက် ကို Myanmar Now သတင်းထောက် မသဇင်လှိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
ရိုက်ကူး – မြတ်ကြီး/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



