အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပျူစောထီးခြေကုပ်ယူထားသည့်တန့်ဆည်နယ်မူးတိမ်ရွာကိုသိမ်းပိုက်

စစ်သားနှင့် ပြည်သူ့စစ် (ပျူစောထီး)အင်အား ၅၀ ခန့်ခြေကုပ်ယူထားသည့် တန့်ဆည်မြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ မူးမြစ်ဘေးကပ်လျက်ရှိ မူးတိမ်ရွာကို ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများက စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် စစ်တပ်နှင့်ပျူစောထီးများတပ်စွဲထားသည့် မူးတိမ်ရွာကို ယနေ့ (နိုဝင်ဘာလ ၂၈ ရက်) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်ကလေကြောင်း တိုက်ခိုက်မှုများ ဆက်လုပ်နေကြောင်း တော်လှန်ရေးအင်အားစုများထံကသိရသည်။ 

စစ်သားနှင့် ပြည်သူ့စစ် (ပျူစောထီး)အင်အား ၅၀ ခန့်ခြေကုပ်ယူထားသည့် တန့်ဆည်မြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ မူးမြစ်ဘေးကပ်လျက်ရှိ မူးတိမ်ရွာကို ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် တော်လှန်ရေး အင်အားစုများက စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

တိုက်ခိုက်မှုစတင်ပြီး လေးနာရီခန့်အကြာ နံနက် ၈ နာရီဝန်းကျင်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေး ဝင်ချိန်တွင် သေနတ် ငါးလက်နှင့် စစ်အသုံးအဆောင် အချို့သိမ်းဆည်း ရမိခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။ 

မူးတိမ်ရွာတိုက်ပွဲတွင် အမှတ် (၁) စစ်ဒေသ ရွှေဘိုခရိုင် ဗျူဟာ ၅၂ ပေါ်ဦးစစ်ကြောင်း၊ တန့်ဆည်မြို့နယ် ပကဖ၊ ရွှေဘိုခရိုင် အမှတ် ၂၅ တပ်ရင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ ရေဦးမြို့နယ်မှ တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

စခန်းသိမ်းနေချိန်တွင် တံတားဦးမှတက်လာသည့် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်၊ ဟုမ္မလင်းမှ တက် လာသည့် Y 12 ဖြင့် ဗုံးသီးအလုံး ၈၀ ကျော်ကြဲချကာ လေကြောင်းပစ်ကူပေးခဲ့ပြီး ကပ်လျက် ကန့်ဘလူမြို့နယ်အခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်မှထွက်သည့် မြေပြင်စစ်ကြောင်းကလည်း ဟောင်ဝစ်ဇာ(အဝေးပစ်လက်နက်ကြီး)ဖြင့်ပစ်ကူပေးခဲ့ကြောင်း တန့်ဆည် ပကဖ က ထုတ်ပြန်သည်။ 

ထို့ပြင် နေ့လယ် ၂ နာရီ ၅၀ ဝန်းကျင်ကလည်း တံတားဦးလေတပ်မှ တက်လာသည့် တိုက်လေယာဉ်တစ်စီးဖြင့် မူးတိမ်ရွာနှင့်အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံကသိရသည်။ 

“ဒီအနေအထားမှာ မူးတိမ်ကိုဟန့်တားတဲ့ သဘောလို့မြင်တယ်။ မူးတိမ်ကိုထိန်းလိုက်တော့ ကပ်လျက်က မူးခွကို ကူးလာမယ့် အန္တရာယ်ကို ကြောက်လို့ တားတယ်လို့ တွေးမိတယ်”ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မူးတိမ်ရွာနှင့်ကပ်လျက် မူးဂွရွာ၊ ဘေရင်း၊ ကဘဲ၊ မူးကျင်းတို့တွင် ပျူစောထီး အခြေစိုက်ရွာများဖြစ်ပြီး မူးမြစ် တစ်ဖက်ကမ်း ကန့်ဘလူနယ်၊ မှော်တော်ရွာတွင်လည်း စစ်တပ်နှင့်ပျူစောထီးများ တပ်စွဲထားသည်။ 

တန့်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူနယ်တို့သည် တော်လှန်ရေးအင်အားစုများ အားကောင်းသလို ပြည်သူ့စစ်များအားကောင်းရာဒေသဖြစ်ပြီး ထိုဒေသမှ ပြည်သူ့စစ်များကို စစ်တပ်ကို ထောက်ခံအားပေးသည့် သင်္ကန်းဝတ် ဦးဝါသဝက ဦးဆောင်သည်။  

ပြည်သူ့စစ်အခြေချသည့် စခန်းတစ်ခုတိုက်ခိုက်ခံနေရသဖြင့် လေကြောင်းပစ်ကူပေးရန် ဦးဝါသဝ၏ လူမှုကွန်ရက်စာမျက်နှာနှင့် စစ်တပ်ထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ယနေ့ နံနက်ပိုင်းက တောင်းဆိုနေကြသည်။ 

ပြည်သူ့စစ်အားကောင်းရာ ကန့်ဘလူမြို့နယ်နှင့်ကပ်လျက်ရှိ ခင်ဦးမြို့နယ်ကို နယ်မြေစိုးမိုးနိုင်ရေး နိုဝင်ဘာလ ဒုတိယပတ်ကစပြီး စစ်တပ်က စစ်ကြောင်းထိုးရာတွင် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပြီး ဆက်တိုက်အထိနာခဲ့သည်။ 

နိုဝင်ဘာလ ၁၂ ရက်နေ့က ကန့်ဘလူမြို့နယ် ဝက်တိုးရွာ အခြေစိုက်စခန်းမှ ခင်ဦးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာချိန်တွင် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်တပ်စစ်ကြောင်းဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် အင်အားဖြည့်တင်း၍ ခင်ဦးမြို့နယ်၊ မုံလှရွာ၌ ခြေကုပ်ယူပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က စစ်ကြောင်းထွက်လာချိန်တွင် ထပ်မံတိုက်ခိုက်ခံရပြီး အထိနာခဲ့သည်။  

လက်ရှိတွင် ထိုစစ်ကြောင်းများသည် ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်သို့ ပြန်ဆုတ်ပြီး အင်အား ဖြည့်တင်းမှုများလုပ်ဆောင်နေကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။ 

“လက်ရှိတော့ အဲ့ဒီစစ်ကြောင်းက ကာဘိုးဘက်မှာပြန်ပြီးတော့ အခြေပြုပြီးတော့ ကာဘိုးစာသင် ကျောင်းမှာ တစ်ဝက်နဲ့ စကစ အထိုင်စခန်းမှာတစ်ဝက်အခြေပြုနေတယ်။ လတ်တလော စစ်ကြောင်း ထိုးတာတော့မရှိသေးဘူး” ဟု ၎င်းကဆိုသည်။ 

ရှမ်းမြောက်တွင် တရုတ်ကြားဝင်မှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်တို့ဖြင့် အပစ်ရပ်ထားချိန်တွင် စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအလယ်ပိုင်းနှင့် ချင်းပြည်နယ်တို့ကို နယ်မြေပြန်လည်စိုးမိုးနိုင်ရေး အင်အားအလုံးအရင်းဖြင့် ဆက်တိုက်စစ်ကြောင်းထိုးနေသည်။ 

Related Articles

Back to top button