ချင်းပြည်နယ်
-
သတင်း
ချင်းလက်နက်ကိုင်တပ်ဖွဲ့ CNO နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဆို
အာဏာသိမ်းပြီးနောက်ပေါ်လာသည့် ချင်းပြည်နယ် ဖလမ်းအခြေစိုက် ချင်းလက်နက်ကိုင်တပ် CNO/CNDF ကို ဆွေးနွေးဖက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အသစ်အဖြစ်အသိအမှတ်ပြုကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က နေပြည်တော်လွှတ်တော်တွင် ယနေ့ပြောကြားလိုက်သည်။
-
သတင်း
အာဇာနည်နေ့တွင် ရခိုင် ၃ မြို့နယ် ဗုံးကြဲခံရမှု ၅ ဦးသေဆုံး၊ ၂၉ ဦးဒဏ်ရာရ
စစ်တပ်နှင့် စစ်ရေး ဆက်လက်ပြင်းထန်နေသည့် AA ထိန်းချုပ်ရာ ရခိုင် သုံးမြို့နယ်ကို လေတပ်က ယမန်နေ့တစ်ရက်အတွင်း ပစ်ခတ်၊ ဗုံးကြဲခဲ့စဉ် သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရသူ နှစ်ဒါဇင် ထက်မနည်း ရှိသည်။
-
သတင်း
ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့ကို ထိန်းချုပ်လိုက်ပြီဟု စစ်တပ် ထုတ်ပြန်
၂၀၂၁ ခုနှစ် နှစ်ကုန်ကတည်းက မြို့လုံးကျွတ် စွန့်ခွာပြေးခဲ့ရကာ တစ်မြို့လုံးနီးပါး ပြာကျပျက်စီးခဲ့ရ သော ထန်တလန်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ကြေညာသည်။
-
သတင်း
ဖလမ်းတွင် လေဆိပ်ပြန်ဖွင့်မည့် စစ်တပ်အစီအစဉ် ချက်ချင်းမဖြစ်နိုင်ဟု ဒေသခံများဆို
ဆူရ်ဘုန်လေဆိပ် ပြန်ဖွင့်နိုင်ပါက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ လျင်မြန်စွာ သယ်ဆောင်နိုင်မည်ဟု စစ်တပ်လက်အောက်ခံ ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
-
သတင်း
ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ
မြောက်ပိုင်းမြို့နယ် နှစ်မြို့ကို ရသွားသည့် စစ်တပ်က တောင်ပိုင်းမြို့များသို့ စစ်မြားဦးလှည့်လာချိန်တွင် စစ်ဘေးရှောင်များမှာ မြင့်တက်နေသည့် စက်သုံးဆီဈေးနှုန်းများ၊ ကုန်ဈေးနှုန်းများကြောင့် စရိတ်စက ပိုမိုကုန်ကျပြီး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။



