အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မူဆယ်မြို့ပေါက်ကွဲမှုတွင် အရပ်သားတစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့လယ်ကောင်၌ ယနေ့ (မေ ၂၈) နံနက်တွင် ပေါက်ကွဲပြီး အသက် ၁၅ နှစ်အရွယ် သန့်ရှင်းရေးဝန်ထမ်း မောင်သင်္ကြန် သေဆုံးသွားကာ အရပ်သားအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း မြို့ခံ ပရဟိတအဖွဲ့တစ်ခုထံမှ သိရသည်။

“ချထားတဲ့ပါဆယ်အိတ်ကို ကောက်ကိုင်မိလို့ ထိတယ်လို့တော့ ကြားတယ်။ သေသွားတဲ့သူကတော့ ခြေထောက်နှစ်ဖက် ပြတ်သွားတယ်။ ဒူးနေရာလောက်ကနေ ပြတ်သွားတာ။ တခြားနေရာတွေမှာလည်း ဒဏ်ရာတွေရထားတယ်။ အခု သူ့ကို သင်္ဂြိုဟ်ဖို့ သုသာန်ကို ပို့နေတယ်”ဟု မူဆယ်မြို့မှ ပရဟိတသမားတစ်ဦးက ပြောသည်။

အမှတ် (၃) အ.ထ.က ကျောင်းနှင့် ဈေးအနီး အဆိုပါဗုံးပေါက်ကွဲမှုတွင် မီးလောင်သွားသော ဆိုင်ကယ်ပေါ်မှ အမျိုးသမီး ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။

“မျက်မှန်ဆိုင်မှာလုပ်တဲ့ မိန်းကလေးက ဆိုင်ကယ်လည်း မီးလောင်သွားတယ်။ ကျောကုန်းမှာလည်း မီးလောင်ဒဏ်ရာ ရထားတယ်။ သူက ကိုယ်တစ်ခြမ်းလုံး မီးလောင်သလိုဖြစ်သွားတာ။ ဒဏ်က ပြင်းတယ်”ဟု မြို့ခံ ပရဟိတသမားတစ်ဦးက ဆက်ပြောသည်။

ဒဏ်ရာရသွားသည့် အခြား အမျိုးသမီးတစ်ဦးမှာ လားရှိုးမြို့ဆေးဆိုင်တစ်ဆိုင်မှဖြစ်ကြောင်း၊ စိုးရိမ်ရသည့် အနေအထားမဟုတ်ကြောင်း ပရဟိတအဖွဲ့ထံမှ သိရသည်။ 

ပေါက်ကွဲသည့် နေရာအနီး၌ စစ်ကောင်စီ၏ လက်နက်ကိုင်များက ပိတ်ဆို့စစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button