အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယင်းမာပင်မြို့နယ်တိုက်ပွဲအတွင်း ပြည်သူ ၅ ဦးကျဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ယမန်နေ့ (ဧပြီ ၂၀) က စစ်ကောင်စီလက်နက်ကိုင်များနှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ဒေသခံ ၅ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။ 

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက တပ်စွဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၁၀ ဦး သေဆုံးခဲ့သည်ဟု ယမန်နေ့ညပိုင်းတွင် သတင်းများထွက်ပေါ်နေသော်လည်း တိုက်ပွဲဖြစ်ပွားရာတွင် ပါဝင်သူများ၏ အဆိုအရ ၅ ဦးသာ ကျဆုံးသည်ဟု လူမှုကယ်ဆယ်ရေးသမားတစ်ဦးက Myanmar Now ကို ပြောသည်။

“၁၀ ယောက်ကျတယ်ဆိုတဲ့ သတင်းမှားတယ်။ ကျွန်တော်တို့က ခေါင်းဆောင်တွေနဲ့ ချိတ်ပြီး ပြောနေတာပါ” ၎င်းက ဆိုသည်။ 

စစ်ကောင်စီလက်နက်ကိုင်များနှင့် တိုက်ပွဲအတွင်း ကပိုင်ရွာသား ၂ ဦး၊ သီးကုန်းရွာသား ၂ ဦးနှင့် ကြိုပင် ရွာသား ၁ ဦးတို့ ကျဆုံးခဲ့သည်ဟု သိရသည်။ 

အလောင်းတော်ကဿပဘုရားသွားရာ လမ်းရှိ ယင်းမာပင်မြို့နယ် သီးကုန်းရွာနှင့် ကပိုင်ရွာတို့အကြား၌ စစ်ကောင်စီလက်နက်ကိုင်များက အင်အာ ၂၀၀ ကျော်ဖြင့် လာရောက်တပ်စွဲနေသဖြင့် အာဏာသိမ်းမှုဆန့်ကျင်သည့် ဒေသခံများက ပြန်လည်ခုခံရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ရွာသားတချို့က တူမီးသေနတ်ဖြင့် ခုခံခဲ့သောကြောင့် တူမီးသေနတ်ကျည် မထိနိုင်သည့် အကွာအဝေးမှနေ၍ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရွာသားများ၏ တည်နေရာကို စုံစမ်းရန် စစ်တပ်က ဒရုန်းများအသုံးပြုစုံစမ်း၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button