သေဆုံးခဲ့သူများ
-
သတင်း
ဖမ်းဆီးခံထားရသည့် စစ်ဆေးရုံဆောက်လုပ်ရေးလုပ်သား ငါးဦးနှိပ်စက်ခံရ၊ တစ်ဦးသေဆုံး
ရဲကားကို ဆဲဆိုသည်ဟု အကြောင်းပြချက်ဖြင့် ရဲနှင့် စစ်သားများက နေ့စားအလုပ်သမား ငါးဦးကို ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးသွားပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အလုပ်သမားတစ်ဦးမှာ ဖမ်းဆီးနှိပ်စက်ခံရစဉ်အတွင်း သေဆုံးခဲ့သည်
-
ဆောင်းပါး
ထိန်းသိမ်းခံရစဉ် ၂၄ နာရီမပြည့်မီ သေဆုံးခဲ့သူ ကလေးမြို့မှ ကိုမင်းမင်း
စစ်ကောင်စီက ဖမ်းဆီးပြီး ၂၄ နာရီ မပြည့်မီ သေဆုံးခဲ့သူများအနက် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အသက် ၃၉ နှစ်အရွယ် ကိုမင်းမင်းလည်း ပါဝင်သည်။ မြို့သာရပ်ကွက်၊ နန်းကလိန်ချောင်းအနီး “စိတ်ထားမဏ္ဍိုင်”ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားသည့် သူ့ကို မေ ၂၄ မွန်းတည့်…
-
သတင်း
မကွေးတိုင်း စလင်းမြို့နယ်တွင် စစ်တပ်က ပစ်ခတ်ဖမ်းဆီးသဖြင့် အမျိုးသမီးတစ်ဦးသေဆုံး
တောစိမ့်ကျေးရွာအတွင်း ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၇ ဦးအနက် အမျိုးသမီးတစ်ဦးမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်
-
သတင်း
ရန်ကုန်၊ လမ်းမတော်မြို့နယ်မှ အမျိုးသားတစ်ဦး အင်းစိန်ထောင်တွင် သေဆုံး
ဆီးချိုရောဂါရှိသော အမျိုးသားသည် ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်ပေးနေစဉ် ဖမ်းဆီးခံရပြီး အင်းစိန်ထောင်တွင် အမှုရင်ဆိုင်နေစဉ် သေဆုံးသွားခြင်း ဖြစ်သည်
-
သတင်း
စစ်ကောင်စီဖမ်းဆီးသွားသည့် ပဲခူးမြို့ခံတစ်ဦး အလောင်းသာပြန်ရ
စားသောက်ဆိုင်၌ သံသယရှိသူကို ဝင်ဖမ်းစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အလုပ်ကအပြန် ထမင်းဝင်စားသူတစ်ဦးကို ကျည်ဆန်ထိမှန်ခဲ့ကာ ထိုဒဏ်ရာဖြင့်ပင် ဖမ်းဆီးခံရပြီးနောက် ငါးနာရီအကြာတွင် သေဆုံးကြောင်း မိသားစုထံ အကြောင်းကြားခဲ့သည်