အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူးနွေဦးတော်လှန်ရေးကျဆုံးသူများ၏ အုတ်ဂူကို ဖျက်ဆီးရန် စစ်ကောင်စီ ဖိအားပေး 

ပဲခူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသွားသူများ ကို သင်္ဂြိုဟ်ထားသည့် အုတ်ဂူများကို ဖျက်စီရန် စစ်ကောင်စီက ပရဟိတအသင်းများကို ဖိအားပေးလျက်ရှိသည်။ 

ယနေ့ (ဧပြီ ၁၈) တွင် အာဏာသိမ်းစစ်ကောင်စီက ပဲခူးမြို့အခြေစိုက် ပရဟိအဖွဲ့ ၁၇ ဖွဲ့ကို ခေါ်ယူတွေ့ဆုံကာ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများကို မြှုပ်နှံထားသော ဆင်ဖြူကွင်းသုသာန်မှ အုတ်ဂူများကို ဖျောက်ဖျက်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။ 

“ဆင်ဖြူကွင်းသုသာန်မှာ တာဝန်ကျတဲ့ ပရဟိတ ၁၇ သင်းလုံးကို ဒီနေ့ အစည်းအဝေးခေါ်တယ်။ အဲဒီအုတ်ဂူတွေက တွဲလျက်ထားတာ။ အဲဒါကို သူတို့ (စစ်တပ်) က အုတ်ဂူကို ဖျက်ပေးပေါ့။ ဖျက်ပြီးရင် သုံးပေခြား တစ်နေရာစီ သွားမြှုပ်ပေးဖို့နဲ့ နွေဦးတော်လှန်ရေးစာမပါနဲ့ အဲဒီပုံစံမျိုးပြောသွားတယ်” ဟု ပဲခူးမြို့အခြေစိုက် ပရဟိတသမားတစ်ဦးက Myanmar Now ကို ပြောသည်။  

ဖေဖော်ဝါရီ ၁၈ ရက်မှ ယနေ့အထိ ပဲခူးမြို့တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသူများအနက် အလောင်းပြန်ရသူများကို မြှုပ်နှံထားသည့် ဆင်ဖြူကွင်းသုသာန်ရှိ အစောင့်များကိုလည်း ဖိအားပေးလျက်ရှိသည်ဟု ပဲခူးမြို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါသုသာန်၌ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများကို အာဇာနည်ဗိမာန်အဖြစ် မြို့ခံများက အထိမ်းအမှတ်အုတ်ဂူပြုလုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။ 

“နွေဦးတော်လှန်ရေးဆိုတဲ့ စာသားပါတယ်။ ကတ်တွေမြှုပ်ထားတာကို ဖျက်မယ်။ အုတ်ဂူတွေကို ဖြိုမယ်ဆိုပြီး ဆင်ဖြူကွင်းမှာ တာဝန်ကျတဲ့ လုပ်အားပေးပရဟိအသင်းတွေကို ပြောတယ် (စစ်ကောင်စီက ဖိအားပေးပြောဆိုခြင်း)” ဟု ပရဟိတသမားတစ်ဦးက ပြောသည်။

ဧပြီ ၉ ရက်တွင် ပဲခူးမြို့၌ စစ်ကောင်စီလက်နက်ကိုင်များက အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ အရပ်သားပြည်သူ ၈၀ ကျော် သေဆုံးခဲ့ရပြီး အဆိုပါ ကျဆုံးသူများနှင့် ပတ်သက်၍ Myanmar Now က အသေးစိတ် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button