အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်​ကောင်စီခန့်အပ်သည့် ရပ်​ကျေးအုပ်ချုပ်​ရေးမှူးနှစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးကို အသတ်ခံရ 

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ (မတ်၁၉) က ကျေးရွာတာဝန်ခံ ရွေးချယ်ရန် အစည်းအဝေးပြုလုပ်နေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုရောက်လာကာ အာဏာသိမ်းစစ်ကောင်စီက ရွေးချယ် ခန့်အပ်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးကို ပစ်သတ်ခဲ့သည်။ 

“လာပစ်တာက ငါးယောက်တဲ့၊ ဆိုင်ကယ်နဲ့တဲ့။ သုံးဦးသေတာ။ ပထမ‌တော့ နှစ်ဦး၊ နောက်ဆေးရုံရောက်မှ တစ်ဦးထပ်သေတာ”ဟု မြဝတီဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

မြဝတီခရိုင် ဇရပ်ဖြူကုန်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် မတ်လ ၁၉ ရက် ည ၈ နာရီခွဲခန့်က ပြုလုပ်ခဲ့သည့် ကျေးရွာတာဝန်ခံ ရွေးချယ်ပွဲအစည်းအဝေး၌ ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီက ခန့်အပ်ထားသည့် ဝှေ့ရှမ်းကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ဦးခင်ဝင်းနှင့် မဲပလဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းတို့နှစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့စစ်အဖွဲ့ဝင်ဦးကျော်လင်းဦးသည်လည်း သင်္ဃန်းညီနောင် အမှတ် (၇) တပ်မတော်ဆေးရုံတွင် သေဆုံးခဲ့သည်ဟု ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနကလည်း ရေးသားဖော်ပြခဲ့သည်။ 

အဆိုပါလက်နက်ကိုင်များမှ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို မသိရသေးသော်လည်း အစည်းအဝေးသို့ တမင်လာပစ်ခြင်းဖြစ်ကြောင်း မြဝတီဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ရာ ဇရပ်ဖြူကုန်းရွာသည် မြဝတီ သင်္ဃန်းညီနောင်နှင့် နှစ်မိုင်ခန့်ကွာဝေးသည်ဟု ၎င်းက ဆက်​ပြောသည်။

မြဝတီမြို့နယ်အတွင်း၌ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) လက်နကိုင်အဖွဲ့များအပြင် တပ်မတော်ကွပ်ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တပ်ဖွဲ့လည်းရှိသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းအနက် KNU လက်အောက်ခံ တပ်မဟာများသည် ၎င်းတိုနယ်မြေတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားကို လက်မခံဘဲ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် ၎င်းတို့အုပ်ချုပ်ရေးနယ်မြေတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အုပ်ချုပ်ရေးအစီအမံများကိုလည်း လက်မခံကြောင်း ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles