အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ရိုက်တင်ဆက်မှု – မတ် ၁၂

၁၁ : ၃၀ – နေပြည်တော်၌ သွေးမအေးပါ

စစ်အာဏာသိမ်းမှုအမြစ်ဖြုတ်ရေး လူထုလှုပ်ရှားမှုများ မပေါ်ပေါက်စေရန် စစ်ကောင်စီက တင်းတင်းကျပ်ကျပ်၊ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်နေသော အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၊ ပျဉ်းမနားမြို့တွင် မတ် ၁၂ရက်က သပိတ်စစ်ကြောင်းလှည့်လည်ခဲ့သည်။

နေပြည်တော်၌ သွေးမအေးပါ

၁၁ : ၀၀ – မန္တလေးမြို့ ကြံ့ကြံ့ခံတော်လှန်နေဆဲ

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အသက်သေဆုံးရသည်အထိ ပစ်ခတ်၊ ရိုက်နှက်ဖြိုခွင်းခြင်း၊ ပြည်သူပိုင်ပစ္စည်းများဖျက်ဆီးခြင်းတို့ကို နေ့နေ့၊ ညည ကြုံနေရသော်လည်း မန္တလေးမြို့သူ၊ မြို့သားများက ကြံ့ကြံ့ခံ၍ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြဆဲဖြစ်သည်။

ယနေ့ (မတ် ၁၂)တွင် ရပ်ကွက်အလိုက် သပိတ်စစ်ကြောင်းအချို့ ထွက်၍ အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

 ကြံ့ကြံ့ခံတော်လှန်နေဆဲ မန္တလေး

၁၀ : ၃၀ – မြန်မာပြည်မြောက်ဖျား၌လည်း စစ်အာဏာရှင်ကို လက်မခံ

ကချင်ပြည်နယ် ပူတာအိုမြို့တွင် အင်အား ၁၀၀၀ ကျော်က စစ်အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်းနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဝန်ထမ်းများပူးပေါင်းမှုကို ထောက်ခံကြောင်း မြို့ပေါ် နေရာအနှံ့ခွဲ၍ သီးခြားစီ ဆန္ဒပြနေကြသည်။

ပူတာအို – မတ် ၁၂

၁၀ : ၁၀ – မန္တလေးသပိတ်စစ်ကြောင်းလူစုခွဲခဲ့ရ

မန္တလေး အမရပူရတွင် မြို့ခံသံဃာတော်များ၊ ကျန်းမာရေးနှင့်ပညာရေးဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသားများပါဝင်သော အင်အားထောင်ဂဏန်းရှိ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်စစ်ကြောင်းသည် ယနေ့ (မတ် ၁၂) နံနက် ၇ နာရီခွဲမှစ၍ စီတန်းလှည့်လည်ခဲ့ကြသည်။

နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီလက်နက်ကိုင်များ အမရပူရမြို့အတွင်း ရောက်ရှိလာသဖြင့် သပိတ်စစ်ကြောင်း လူစုခွဲခဲ့သည်။

မန္တလေး – မတ် ၁၂

၁၀ : ၀၀ – ကျောက်မဲသပိတ်စစ်ကြောင်းများခွဲ၍ ပြုလုပ်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု မပြုလုပ်ရန် စစ်တပ်နှင့် ရဲ ပိတ်ဆို့တားဆီးနေသော်လည်း လူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်းအချို့ လူစုခွဲဆန္ဒပြနေကြသည်။

ကျောက်မဲ – မတ် ၁၂

“ဆန္ဒပြပြည်သူများကို စစ်​​ကောင်စီ၏ တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်​နေမှု တားဆီးနိုင်ရေး အပစ်ရပ်အကြား ၁၀ဖွဲ့ နည်းလမ်းရှာ​”

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC)တို့နှင့် လူထုဆန္ဒပြမှုပွဲများ ဖြိုခွင်းခံရမှုကို တားဆီးနိုင်ရေး ဆွေးနွေးရန် NCA လက်မှတ်ထိုး အပစ်ရပ်ဆယ်ဖွဲ့ တိုင်းရင်းသားခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အကြား ဘုံသဘောထားချမှတ်ရန် မတ် ၁၁ရက်က ဆွေးနွေးခဲ့ကြသည်။

စစ်ကောင်စီအကြမ်းဖက်ဖြိုခွင်းမှုကြောင့် ယမန်နေ့က သေဆုံးသူ ၁၂ဦးရှိ

စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ ဆက်လက်အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ယနေ့ (မတ် ၁၁) ညနေပိုင်း ၅ နာရီအချိန်ထိ ဆက်သွယ်မေးမြန်းချက်များအရ မြိုင်၊ မြင်းခြံ၊ မန္တလေး၊ ပဲခူးနှင့် မြောက်ဒဂုံတို့တွင် လူ ၁၁ ဦးအထိ သေဆုံးခဲ့ပြီး မကွေးတိုင်း အနောက်မြောက်ပိုင်းမြိုင်မြို့တွင် အဆိုးရွားဆုံးဖြစ်ကာ ၇ ဦးအထိ သေဆုံးခဲ့ရသည်။ ညပိုင်း၌ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် လူတစ်ဦး ထပ်မံသေဆုံးခဲ့ရပြီး မတ် ၁၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦးအထိ ရှိခဲ့သည်။

စစ်ကောင်စီ၏အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ယနေ့ သေဆုံးသူ ၁၁ ဦးရှိ

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button