အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထီးလင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦးသေဆုံး

မကွေးတိုင်းဒေသကြီး အနောက်မြောက်ပိုင်း ထီးလင်းမြို့နယ်တွင် ယမန်နေ့ (မတ် ၇) ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း မြို့ခံတစ်ဦးက အတည်ပြုပြောကြားသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ ဦးဆောင်သည့် လူငယ်တစ်ဦးဖမ်းဆီးခံရသဖြင့် ပြန်လွှတ်ပေးရန် မြို့ခံပြည်သူများ ထီးလင်းရဲစခန်းသို့ လိုက်လံတောင်းဆိုချိန်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက ပစ်ခတ်ရာတွင် အသက် ၂၃ နှစ်အရွယ် ကိုအောင်မြတ်လင်းဆိုသူ လူငယ် သေဆုံးခဲ့ခြင်းဖြစ်သည်။

ည ၈ နာရီအချိန်ခန့်တွင် ဖမ်းဆီးခံထားရသည့် ဆန္ဒပြဦးဆောင်သူ ကိုအောင်ကောင်းမြတ်အား ပြန်လွှတ်ပေးရန် ပြည်သူလူထုက လိုက်လံတောင်းဆိုခဲ့ခြင်းဖြစ်ပြီး ထိုသို့ပစ်ခတ်ခံရသဖြင့် အခြားလူငယ် ၆ ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု နာမည်မဖော်လိုသူ မြို့ခံက ဆိုသည်။

“အောင်ကောင်းမြတ်ကို ဆွဲသွားတော့ ၉နာရီလောက်မှာ စခန်းကို လိုက်တောင်းကြတယ်။ စခန်းနား ရောက်တော့ သေနတ်နှစ်ချက်ပစ်တယ်။ နောက်တော့ မီးခိုးဗုံးတွေ ပစ်ခွဲတယ်။ သေနတ်တွေနဲ့ တောက်လျှောက်ပစ်တာပဲ။ ကောင်လေးတစ်ယောက်ကတော့ ရင်ဘတ်ထုတ်ချင်းပေါက်သွားတယ်။ ရဲစခန်းထိပ်မှာပဲ သေသွားတယ်” ဟု အဆိုပါ ထီးလင်းမြို့ခံက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိုနေရာမှာပင် သေဆုံးခဲ့သူ ကိုအောင်မြတ်လင်းမှာ ထီးလင်းမြို့မှ ၃ မိုင်ခန့်အကွာရှိ ထန်းပင်ကုန်းရွာသားတစ်ဦးဖြစ်သည်ဟု ဆိုသည်။ 

ထိုသို့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် အခြားလူငယ် ၆ ဦးသည်လည်း ပေါင်၊ ဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး သုံးဦးမှာ ရာဘာကျည်ဆန်နှင့် အခြားသုံးဦးမှာ ကျည်အစစ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ် သည်ဟု သိရသည်။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button