အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လက်နက်ကိုင်များ၏ပစ်ခတ်မှုကြောင့် မြင်းခြံတွင် တစ်ဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့်တပ်မတော်က အင်အားသုံးဖြိုခွင်းကာ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။

အင်အားသိန်းဂဏန်းရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ဆန္ဒပြနေသူများကို ယနေ့ (မတ် ၃) နံနက် ၁၀ နာရီခွဲခန့်တွင် ရဲနှင့် စစ်သား ၁၅၀ ခန့်က သေနတ်များ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ရုတ်တရက်ကြီး စစ်ဆင်တစ်ခုလို ဝင်ပြီးတော့ လုပ်လိုက်တာဗျာ။ ဘာအကြောင်းမှ မကြားဘဲနဲ့ ရုတ်တရက်ကြီး ဖြိုခွဲခံရတာပေါ့နော်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် ဇင်ကိုကိုသော်ဖြစ်ပြီး သေနတ်ပစ်ခံရမှုကြောင့် ခေါင်းပွင့်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူများကို ကုသပေးနေသည့် ဆရာဝန်က ပြောသည်။

“တစ်ယောက်ကတော့ ခေါင်းပွင့်သွားတာပေါ့ဗျာ။ နောက်ကနေ ပွင့်ထွက်သွားတာပေါ့။ ခေါင်းထိမှန်လို့ သေတဲ့တစ်ယောက်အပါအဝင် အားလုံးပေါင်း ၁၆ ယောက် ကျည်ထိတယ်။ တစ်ယောက်က ခြေထောက် ကျိုးသွားတယ်။ နှစ်ယောက်က ဗိုက်ထိသွားတယ်” လို့ အဆိုပါဆရာဝန်က ပြောသည်။

ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း၊ ဒဏ်ရာရရှိခဲ့သူများကို ပရဟိတဆေးခန်းတစ်ခုတွင် ဆေးကုသမှု ပေးလျက်ရှိသည်ဟု သိရသည်။

ယနေ့တွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော အရပ်သားပြည်သူများကို ကျည်အစစ်သုံးပစ်ခတ် ဖြိုခွင်းခဲ့သဖြင့် မြင်းခြုံမြို့အပြင် ရန်ကုန်၊ မန္တလေး၊ မုံရွာတို့တွင်လည်း သေဆုံးသူများ ဒဏ်ရာရရှိသူများ ရှိနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button