သတင်း

“ဝ” တပ် ထိန်းချုပ်ရာ ဒေသသို့ အရပ်သားများ ထွက်ပြေးမှု ပအိုဝ်း နှင့် ရှမ်းတပ်များ အပြန်အလှန် အပြစ်ဖို့

ရန်ကုန် – ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်းမှ ရာနှင့်ချီသောအရပ်သားများ “၀” လက်နက်ကိုင် UWSA ထိန်းချုပ်ရာ နေရာများသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြပြီးနောက် အရပ်သားများအား နေရပ်စွန့်ခွာရန် လက်နက်ကိုင်တပ်ဖွဲ့များက ဖိအားပေးနေကြောင်း ရှမ်းနှင့် ပအိုဝ်း လက်နက်ကိုင်အဖွဲ့ များက အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ၏ လားရှိုးမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်း၏ အဆိုအရ ၎င်းတို့ထိန်းချုပ်ရာ အမှတ် ၁၇၁ စစ်ဒေသသို့ ယခုလဆန်းမှစ၍ မိုင်းပန်မြို့နယ် ပန်ပီးရွာနှင့် မိုင်းပုတ်ရွာမှ ရွာသားများ အပါအဝင် လူ ၅၀၀ ထက်မနည်းထွက်ပြေးလာကြသည်ဟု ဆိုသည်။

ထွက်ပြေးလာတဲ့သူတွေကို မေးမြန်းချက်အရ နောက်ထပ် ထပ်လာဦးမယ်အနေအထားလည်းရှိနေတယ် ” ဟု ၎င်းက ပြောသည်။

အရပ်သားများ ထွက်ပြေးလာရသည့် အဓိကအချက်သည် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA က မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု နောင်ချိုရွာ၊ မိုင်းပုတ်ရွာ နှင့် ပန်မိ ရွာများမှ ပအိုဝ်း ရွာသားများကို ပန်မိရွာသို့ အစည်းအဝေးခေါ်ယူကာ ရွာမှ စွန့်ခွာရန် အတင်းအဓမ္မစေခိုင်းခြင်းကြောင့် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA က ဇန်နဝါရီ ၄ ရက်နေ့တွင် ကြေညာခဲ့သည်။

သို့သော် RCSS/SSA က အဆိုပါ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLA က စစ်သားစုဆောင်းနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးရခြင်းသာဖြစ်ကြောင်း RCSS/ SSA မှ ဆက်ဆံရေးရုံးများညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီးစိုင်းဦးက Myanmar Now ကိုပြောသည်။

မိုင်းပန်မြို့နယ်အတွင်း RCSS/SSA နှင့် PNLA တို့အကြားတိုက်ပွဲအချို့နှင့် အတူစစ်ရေးတင်းမာမှုရှိနေပြီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့ နှစ်ခုအကြား မိုင်းပန်ဒေသ အစိတ်အပိုင်းအချို့ကို ထိန်းချုပ်ရန် ကြိုးစားနေကြသည်။

RCSS/SSA နှင့် PNLA တို့အကြား အောက်တိုဘာ ၁၆ ရက်နေ့တွင် နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RCSS/SSA ကထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button