အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ငွေလိမ်လုပ်ငန်းတွေရှိနေကြောင်း စောချစ်သူဝန်ခံပြီ၊ မြဝတီကို ထိလာရင် ခုခံမယ်လို့ဆို

မြန်မာနိုင်ငံတောင်ပိုင်းတွင် ကြီးထွားနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လောင်းကစားအပါဝင် တရားမဝင်လုပ်ငန်းများကို ပါဝင်လုပ်ကိုင်နေသော ကရင်နယ်ခြားစောင့်တပ် (BGF) ၏ စီးပွားရေးလုပ်ငန်းများကို ခေါင်းဆောင်ဖြစ်သူ စောချစ်သူနှင့် ၎င်းမိသားစုက ချုပ်ကိုင်ထားသည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Justice For Myanmar (JFM) က ဖော်ထုတ်ထားသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုမြို့သစ်တစ်ဝိုက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ ကြီးထွားလျက်ရှိပြီး၊ ထိုနေရာများမှာ စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် BGF ထိန်းချုပ်နယ်မြေများလည်း ဖြစ်သည်။ BGFထိန်းချုပ်နယ်မြေအတွင်း ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေသည့်အခြေနေကို ဗိုလ်မှူးကြီးစောချစ်သူက ဝန်ခံခဲ့သည်။ ဗိုလ်မှူးကြီးစောချစ်သူကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း၊ တည်းဖြတ် – မောင်ရွှေဝါ၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles