ရုပ်သံ

စစ်တပ်လက်အောက်ခံ ဖြစ်နေဆဲ BGF ငွေလိမ်ဂိုဏ်းခေါင်းဆောင်အတွက် ဆုတောင်းပွဲလုပ်

လောင်းကစား၊ ငွေလိမ်လုပ်ငန်းများကြောင့် နာမည်ပျက်နေသည့် တရုတ်လူမျိုးလုပ်ငန်းရှင် ရှီကျင်ကျန်း ဘေးကင်းရန်နှင့် ကျန်းမာရန် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူက ၎င်း၏ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုတွင် လူရာနှင့်ချီ ပါဝင်သည့် အခမ်းအနားပြုလုပ်ပြီး ဆုတောင်းပေးခဲ့ကြသည်။ ရှီကျင်ကျန်းသည် ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူဖြစ်ပြီး လူကုန်ကူးမှု၊ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းအပါအဝင် တရားမဝင်လုပ်ငန်းများကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံထားရသူဖြစ်သည်။ ဆုတောင်းပွဲ တက်ရောက်လာသူများသည် “မစ္စတာ She Zhijiang အတွက် ဆုတောင်းမေတ္တာပို့သပွဲ” ဟု တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် တူညီဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုသူအတွက် ဆုတောင်းမေတ္တာပို့ခြင်း၊ ဆုတောင်းစာရေးခြင်း၊ ခိုဖြူများလွှတ်ခြင်း၊ သံဃာတချို့ကိုပါ အလှူငွေများ လှူဒါန်းခြင်း စသည့် အစီအစဉ်များ ပါဝင်သည်။ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် လက်နက်ကိုင်တပ်က ၎င်းတို့ဘာသာ ကရင်အမျိုးသားတပ် (KNA) အဖြစ် အမည်ပြောင်းထားသော်လည်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဆောင်အယောင်များ ဆက်လက်သုံးစွဲလျက်ရှိသည်ကိုလည်း တွေ့ရသည်။

Show More

Related Articles

Back to top button