ရုပ်သံသတင်း

လှည်းကူးပြည်သူများလည်း မဲပေးကြပြီ

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းက မဲရုံတစ်ရုံအရှေ့တွင် မဲပေးမည့် ပြည်သူများ မဲရုံမဖွင့်ခင် မနက်ငါးနာရီကတည်းက မဲပေးရန် တန်းစီစောင့်နေခဲ့ပြီး တက်ကြွစွာမဲပေးကြသည်ကို တွေ့မြင်ရသည်။ လှည်းကူးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် ပြည်ခိုင်ဖြိုးပါတီ တို့ အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် လှည်းကူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now

[youtube https://youtu.be/9jr79rPV1pQ]

Show More

Related Articles

Back to top button