အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လက်ကမ်းစာစောင်ဝေပြီး လူ့ဘောင်သစ်ပါတီ အမတ်လောင်းများ မဲဆွယ်စည်းရုံး

အောက်တိုဘာ(၂၇)ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ကြမည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ်လောင်း(၃) ဦးသည် ပါတီဝင်(၃) ဦးနှင့်အတူ လက်ကမ်းစာစောင်များ လိုက်လံဝေငှမဲဆွယ်ခဲ့ပြီး ကိုဗစ်ကာလအတွင်း လူစုလူဝေးမဖြစ်အောင် အနည်းဆုံးအင်အားဖြင့် မဲဆွယ်ခဲ့ကြောင်းဆိုသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်အချို့က စတင်ဖွဲ့စည်းခဲ့သည် နိုင်ငံရေးပါတီဖြစ်ပြီး လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း(၁၆) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/3CMud9VYtco]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button