သတင်း

၁၀၀၀၀ တန် အတု အစစ် ခွဲနည်း

(ရန်ကုန်) – စင်ကာပူတွင် လစာနည်း အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ နော်သောသွဲ့မှူးအား သူ၏အလုပ်ရှင်က လုပ်အားခကို စင်ကာပူဒေါ်လာမှ မြန်မာကျပ်ငွေဖြင့် စင်ကာပူတွင် လဲလှယ်ပေးလိုက်သည်။

နော်သောသွဲ့မှူး မြန်မာနိုင်ငံပြန်အရောက်တွင် ယင်းငွေများထဲတွင် ၁၀၀၀၀ တန်ငွေစက္ကူများသည် ငွေတုများဖြစ်နေသဖြင့် ဒီဇင်ဘာ ၆ တွင် ထိန်းသိမ်းခံထားရသည်။

သူ့အား အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅ နှင့် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ် ၂၀ အထိ ကျခံရနိုင်သည့် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၆ တို့ဖြင့် စွဲချက်တင်ခံခဲ့ရသည်။

အလားတူ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်းက ရွှေတိဂုံသို့ ဘုရားဖူးလာသည့် စင်ကာပူနိုင်ငံသား ဇနီးမောင်နှံနှင့် ထိုင်းနိုင်ငံသူတို့သည်လည်း ၁၀၀၀၀ တန်ငွေတုတွေ့မှုဖြင့် တရားရင်ဆိုင်နေကြရသည်။

လက်ထဲရောက်နေသည့် ၁၀၀၀၀ တန် အတု၊အစစ် ကို အောက်ဖော်ပြပါ အချက်အလက်များဖြင့် ခွဲခြားနိုင်ကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။

Show More

Related Articles

Back to top button