အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၂ဝ၁၇ တွင် မြန်မာမှတစ်ပါး မည်သည့်အစိုးရတပ်မျှ မြေမြှုပ်မိုင်းမသုံးဟု အစီရင်ခံစာတစ်စောင် ထောက်ပြ

ရန်ကုန် – ၂ဝ၁၇ အတွင်း မြေမြှုပ်မိုင်း အသုံးပြုသည့် အစိုးရလက်နက်ကိုင် တပ်ဖွဲ့မှာ ကမ္ဘာပေါ်တွင် မြန်မာ့တပ်မတော် တစ်ခုတည်းသာ ရှိကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့က စွပ်စွဲလိုက်သည်။

“ကမ္ဘာမှာ (မြေမြှုပ်မိုင်း) သုံးတဲ့အစိုးရက မြန်မာတစ်ခုတည်းပါ” ဟု ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သည့် မြန်မာနိုင်ငံအတွက် မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအစီရင်ခံစာ (၂ဝ၁၇) နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းအဖွဲ့၏ သုတေသနအရာရှိ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က ပြောသည်။

၂ဝ၁၈ နိုဝင်ဘာလအထိ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်ကို ၁၆၂ နိုင်ငံက သဘောတူလက်ခံ (သို့) လက်ခံကျင့်သုံးခဲ့ကြောင်း၊ နိုင်ငံပေါင်း ၁၂ဝ က ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး (သို့) လက်ခံ ကျင့်သုံးခဲ့သော်လည်း မြန်မာနိုင်ငံသည် စာချုပ်နှစ်ခုလုံးတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသေး ဟုလည်း ယင်းအဖွဲ့က ထောက်ပြသည်။

၂ဝ၁၇ နှင့် ၂ဝ၁၈ ခုနှစ်အတွင်း ရှမ်း၊ ကချင်၊ ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သည်။

မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အချက်အလက်များအရ ၂ဝ၁၇ ခုနှစ်က နိုင်ငံအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရသူပေါင်း ၂ဝ၂ ဦး အနည်းဆုံး ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အတွင်း ပါဝင်ပတ်သက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်လည်း တပ်မတော်ကဲ့သို့ မြေမြှုပ်မိုင်း အသုံးပြုကြောင်း ယင်းအဖွဲ့က ထောက်ပြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button