အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်သားနှင့် ရဲများ အသက်မသေလိုက အမြန်ဆုံး လက်နက်ချရန် ရက္ခိုင့်တပ် (AA) သတိပေး

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲများ အသက်မသေဘဲ မိသားစုဆွေမျိုးများနှင့် ကောင်းကောင်းမွန်မွန် ပြန်ဆုံလိုပါက ရက္ခိုင့်တပ် (AA) ၏ နီးစပ်ရာ တပ်စခန်းများကို အမြန်ဆုံး ဆက်သွယ်ကာ လက်နက်ချကြရန် AA က သတိပေးလိုက်သည်။ ထိုသို့ လက်နက်ချသည့် သုံ့ပန်းများကို ကောင်းမွန်စွာ စောင့်ရှောက်ကာ မိသားစုများနှင့် ပြန်လည်ဆုံဆည်းနိုင်ရေး အကောင်းဆုံး ကူညီပေးမည်ဟုလည်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယား (ကရင်နီပြည်နယ်) နှင့် စစ်ကိုင်းတိုင်းတို့တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေချိန်တွင် နိုင်ငံအနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်တွင်လည်း ယမန်နေ့ (နိုဝင်ဘာ ၁၃) က စတင်ကာ တိုက်ပွဲများ ပြင်းထန်နေသည်။

မေးမြန်း၊ တည်းဖြတ် – ရောင်နီ၊ ဟန်သစ်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button