အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုံခြုံဖွယ်ရှိသည့်ရွာကို ခိုလှုံလာသည့် မြင်းမူဒေသခံ ၄ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ရွာသာလေး (ဆိပ်သာ) ကျေးရွာကို ယမန်နေ့ (သြဂုတ် ၁၄) နံနက်က ရောက်လာသည့် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းက အမျိုးသား ၄ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူများသည် အခြားကျေးရွာများမှ အသက် ၅၀ အရွယ် ၃ ဦးနှင့် အသက် ၃၀ ဝန်းကျင် ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့နေထိုင်ရာ ရွာများအနီး သြဂုတ် ၅ ရက်နေ့က စစ်တပ်ရောက်လာသဖြင့် ဧရာဝတီမြစ်ကို ဖြတ်ကာ ဆိပ်သာတွင် ခိုလှုံနေစဉ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“(စစ်တပ်က ရွာထဲ) ဝင်ဝင်ချင်း လက်နက်ငယ်တွေနဲ့ ပစ်တာ။ ကျည်မှန်ပြီး သေဆုံးသွားတာပါ” ဟု ၎င်းက မြင်းမူမြို့မှ မြို့အနောက်တောက်ဘက် ၅ မိုင်ခန့်အကွာရှိ ဆိပ်သာကျေးရွာ၏ အခြေအနေကို ရှင်းပြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
ရွာသာလေး (ဆိပ်သာ) ကျေးရွာ

ကျန်ရစ်သူ မိသားစုဝင်များ ပစ်မှတ်ထား နှိပ်ကွပ်ခံရနိုင်သဖြင့် သေဆုံးသူ မည်သူမည်ဝါဖြစ်သည်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုခြင်းမရှိပါ။ Myanmar Now က ရရှိခဲ့သည့် မှတ်တမ်းဓာတ်ပုံများအရ အရပ်ဝတ်ဝတ်ထားကြသည့် သေဆုံးသူအားလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ကျည်သင့်ဒဏ်ရာများ တွေ့ရသည်။

စစ်တပ်က ရွာသားတချို့ကိုလည်း ဖမ်းထားကြောင်းနှင့် ၎င်းတို့၏ ကံကြမ္မာကို သေချာမသိရသေးကြောင်း ငါန်းဇွန်ကာကွယ်ရေးတပ် တာဝန်ရှိသူက ဆိုသည်။

ဆိပ်သာရွာ ပစ်ခတ် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော်လည်း စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာတချို့တွင် ထိုနေ့က ဆိပ်သာကျေးရွာ စာသင်ကျောင်းအတွင်း PDF များ ရှိနေကြောင်း သတင်းရသဖြင့် သွားရောက် တိုက်ခိုက်ရာ PDF ၂ ဦး သေဆုံးသည်ဟု ရေးသားနေကြသည်။

စစ်ရှောင်များ ရောက်ရှိနေသည့် ဆိပ်သာကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း မြင်းမူအခြေစိုက် People’s  Knight Defense Force-Myinmu မှ ဗိုလ်အေးချမ်းက ပြောသည်။

နံနက်အစောပိုင်းတွင် ဆိပ်သာကို ဝင်မွှေခဲ့သည့် စစ်ကြောင်းသည် အနီးရှိ ဝမ်းပြည့်ရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေပြီး စစ်ကိုင်း-မုံရွာ လမ်းမကြီးတွင် ကင်းပုန်းများချထားကြောင်း၊ ဒေသခံကာကွယ်ရေးတပ်များကလည်း စစ်ကောင်စီ ကင်းပုန်းများနှင့် ယာဉ်တန်းများကို တိုက်ခိုက်နေကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ဒေသများတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ဘေးရှောင်နှင့် အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်မှုအားကောင်းသည့် မြင်းမူတွင် စစ်တပ်က ကျေးရွာများကို ဝင်စီးပြီး အရပ်သားများကိုလည်း သတ်ဖြတ်နေသည်။

မတ်လဆန်းတွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ရွာမှ ဒေသခံ ၁၀ ဦးနှင့် ဇူလိုင်လဆန်းတွင် မြင်းမူအနီးအနား ရွာများမှ ဒေသခံ ၁၁ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button