အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရုပ်အလောင်း ၁၆၆ အထိ တွေ့ရှိထားသဖြင့် အဆိုးရွားဆုံး ဖားကန့်မြေပြိုမှုဖြစ်လာ 

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းနယ်မြေတွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုတွင် ယနေ့ နံနက် ၁၁ နာရီခွဲအထိ ရုပ်အလောင်း ၁၆၆ လောင်း ရှာဖွေတွေ့ရှိထားသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။ 

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာရှိ မြန်မာတကောင်းကုမ္ပဏီ ကျောက်လုပ်ကွက်အတွင်း ဇူလိုင် ၂ နံနက်ပိုင်းက ပေတစ်ထောင်ခန့် မတ်စောက်မြင့်မားသည့် မြေစာပုံပြိုကျခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ ၂၀၀ ကျော် မျောပါသွားခဲ့သည်။

လက်ရှိအထိ မြေစာပုံပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၅၄ ဦးကို ဖားကန့်ဆေးရုံနှင့် ဝှေခါတိုက်နယ်သို့ ပို့ဆောင်ပေးထားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့အခြေအနေမှာ ရှာဖွေကယ်ဆယ်ရေးထက် ရုပ်အလောင်းပေါ်လာသမျှကို ဆယ်ယူမှုဆောင်ရွက်နေကြကြောင်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဒဏ်ရာရရှိသူကတော့  အရေးပေါ်ပို့ ဘာပို့နဲ့ဆိုတော့ ခန့်မှန်းခြေကတော့ ၄၀ နဲ့ ၅၀ ကြားမှာ ရှိတယ်” ဟု ဦးရွှေသိန်းက ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များအနေဖြင့် ဇူလိုင် ၁ မှစ၍ သုံးလအထိ ပိတ်သိမ်းရန်နှင့် ခိုးယူတူးဖော်ခြင်းမပြုရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇွန် ၂၆ တွင် ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း လုပ်ကွက်ဟောင်းများအတွင်းသို့ ရေမဆေးသမားများက ဝင်ရောက်တူးဖော်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

မြေပြိုကျသောနေရာသည် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအတွင်း လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများ ဖြစ်သည်။

ဖားကန့်ကျောက်စိမ်းနယ်မြေအတွင်း အဆိုးရွားဆုံးမြေပြိုမှုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကဖြစ်ပြီး လူ ၁၁၄ ဦးအထိ သေဆုံးခဲ့ရာ ယခုဖြစ်စဉ်မှာ ပိုများသော သေဆုံးမှု ဖြစ်သည်။

Humanity Institute အဖွဲ့နှင့် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ဖားကန့်) တို့ ရေးသားပြုစုထားသည့် “ဘဝနှင့်ရင်းသော ကျောက်စိမ်း” အမည်ရှိ အစီရင်ခံစာအရ ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းလုပ်ငန်းလုပ်ကွက်များအတွင်း ၂၀၁၄ မှ ၂၀၁၈ အထိ မြေပြိုမှုများကြောင့် လူဦးရေ ၅၀၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button