အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းရာတွင် ပါဝင်ခဲ့သည့် ကလေး ၂ ဦးကို ခံဝန်ဖြင့်ပြန်လွှတ်

ကိုဗစ်နိုင်တင်းကူးစက်ပျံ့နှံ့မှု မဖြစ်စေရန်တားမြစ်ထားသည့် အမိန့်ကိုဖောက်ဖျက်၍ လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းရာတွင် ပါဝင်ခဲ့သည့်ကလေး ၂ ဦး ကို မန္တလေးတိုင်း ကလေးသူငယ်တရားရုံးက ကျပ်ငါးသိန်းခံဝန်ဖြင့် ယနေ့ပြန်လွှတ်ပေးလိုက်သည်။

“ခံဝန်နဲ့မိဘထံပြန်အပ်တဲ့အမိန့်ပါ။ နောက်ထပ်လုပ်ခဲ့ရင် သူတို့က ၅ သိန်း ဒဏ်ဆောင်ရမယ်လို့ ခံဝန်ထိုးရတယ် “ဟု တိုင်းတရားရေးဦးစီးမှူး ဦးမြင့်စန်းကပြောဆိုသည်။

အဆိုပါ အသက် ၁၂ နှစ်နှင့် ၁၃ နှစ်အရွယ်ကလေး ၂ ဦးမှာ ဧပြီ ၁၀ တွင်မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ နေအိမ်တွင် အစ္စလာမ်ဘာသာဝင် ၁၄ ဦး စုပေါင်းဝတ်ပြုဆုတောင်းရာ၌ ပါဝင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ထဲမှ အမျိုးသား ၁‌၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ ချမ်းမြသာစည်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လစီကျခံစေရန် မေ ၇ ကအမိန့်ချမှတ်ခဲ့ပြီး ကျန်ရှိသည့် ကလေး ၂ ဦးကို ယနေ့တွင် အမိန့်ချမှတ်ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button