Universal Jurisdiction ဟု ခေါ်သော နိုင်ငံတစ်ခု၏ တရားဥပဒေကို သုံးကာ မြန်မာစစ်တပ်၏ ကျူးလွန်မှုများအတွက် တာဝန်အရှိဆုံး စစ်ခေါင်းဆောင်များကို ဩစတြေးလျနိုင်ငံတွင် တရားစွဲဆိုရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုးပမ်းနေသည်။ လက်ယက်ကုန်း၊ အနန့်ပါနှင့် ပဇီကြီးရွာကဲ့သို့ အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို ဦးစားပေးပြီး တရားစွဲရန် ပြင်ဆင်ထားသည်ဟု ဩစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက Myanmar Now ကို ပြောသည်။ ခရီးစဉ်အတွင်း ဩစတြေးလျနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာသံအမတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ထဲရေးဌာန အတွင်းဝန် အပါအဝင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဩစတြေးလျလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မျိုးမင်းကို Myanmar Now က တွေ့ဆုံးမေးမြန်းထားသည်။
မေးမြန်း – စထွန်းအောင်
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)