အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုင်းပြည်ဘဏ္ဍာဖြင့် လည်ပတ်နေသည့် နိုင်ငံပိုင်သတင်းဌာနများ ဆက်လက်ထားရှိမည့်အစီအစဉ် မီဒီယာအဖွဲ့များဝေဖန်

(နေပြည်တော်) – မည်သည့်အစိုးရတက်တက် အစိုးရထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းမီဒီယာများ ဆက်လက် ရှိနေမည်ဟု ပြန်ကြားရေးဝန်ကြီး၏ ယနေ့နံနက် ပြောကြားချက်ကို သတင်းမီဒီယာ အဖွဲ့များနှင့် လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် အရေးလှုပ်ရှားသည့် အဖွဲ့ ၁၆ ဖွဲ့က ကန့်ကွက်လိုက်သည်။

 အနာဂတ်တွင် တိုင်းပြည်ဘဏ္ဍာဖြင့် လည်ပတ်နေသည့် နိုင်ငံပိုင်သတင်းဌာနများ အနာဂတ်တွင် ဆက်ရှိနေမည့် အရေးကို ဝန်ကြီးဦးဖေမြင့်က နေပြည်တော်တွင် ယနေ့ကျင်းပနေသည့် ၇ ကြိမ်မြောက် မီဒီယာဖွံ႔ဖြိုးတိုးတက်ရေးညီလာခံ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရပိုင် သတင်းဌာနများသည် လွှတ်တော်နှင့် အစိုးရ၏ လှုပ်ရှားမှုများကို ပြည်သူကို အစီရင်ခံရမည် ဖြစ်သောကြောင့် နိုင်ငံပိုင်သတင်းဌာနများ ဆက်ရှိသင့်သည်ဟု ဝန်ကြီးက ယုံကြည်နေသည်။

“နောင်လာမယ့် အစိုးရများရှိရင်လည်း အဲဒီအစိုးရများသည် ပြည်သူနဲ့ဆက်သွယ်မယ့် မီဒီယာများ သူတို့မှာ အခုပုံစံနဲ့ ဖြစ်စေ နောင်ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့ လျော်ညီတဲ့ အခြားပုံစံများနဲ့ဖြစ်စေ ရှိနေဦးမှာပဲလို့ ပြောချင်ပါတယ်” ဟု ဝန်ကြီးက ယနေ့နံနက်တွင် ပြောကြားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အစိုးရက မီဒီယာတာဝန်ယူကာ သတင်းထုတ်ပြန်မည်ဆိုပါက ဝါဒဖြန့်ချိရေးသာဖြစ်ပြီး၊ နိုင်ငံပိုင်မီဒီယာက အစိုးရ၏ မှားယွင်းသောလုပ်ဆောင်ချက်ကို ထောက်ပြရန် မဖြစ်နိုင်ဟုလည်း ယင်းထုတ်ပြန်ချက်က ထောက်ပြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button