
လွန်ခဲ့တဲ့ ၈ လကျော်၊ ၂၀၂၂ ခုနှစ် ဩဂုတ်လက ပြန်လွတ်လာတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ စစ်တပ် အာဏာမသိမ်းခင်ထဲက အင်းစိန်ထောင်နဲ့ ကော့သောင်းထောင်တွေမှာ ရှိနေခဲ့သူဖြစ်ပါတယ်။ သူဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင် ၆ နှစ်ကျော်ချမှတ်ခံခဲ့ရတာပါ။
အာဏာသိမ်းပြီးနောက် ပြောင်းလဲသွားတဲ့ ထောင်တွင်းအခြေအနေတွေ အပါအဝင် ဦးဂျင်မီနဲ့ ဦးဇေယျာသော်တို့ ကြိုးပေးခံရစဉ်က သူမြင်တွေ့ခဲ့ရတဲ့ ထောင်တွင်းမြင်ကွင်းနဲ့ အာဏာသိမ်းပြီးနောက် ထောင်ထဲရောက်လာတဲ့ လူငယ်တွေ ရိုက်နှက်နှိပ်စက်ခံရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဦးနေမျိုးဇင်က Myanmar Now ကို ပြောပြထားပါတယ်။