အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“ကျွန်တော်တို့နိုင်မှာ သေချာသွားပြီ” – ဦးနေမျိုးဇင်

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးမှုနှင့်အတူ နိုင်ငံတစ်ဝန်း စစ်ရှုံးနေသည့် အာဏာသိမ်းစစ်တပ် ရှုံးနိမ့်ရန် မုချသေချာသွားပြီဟု စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောကြားလိုက်သည်။ လားရှိုးရမခ ကျဆုံးမှုသည် မန္တလေး၊ နေပြည်တော်ကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ပြီး၊ စစ်ကောင်စီ၏ နောက်ဆုံးနေ့ရက်များကို စတင်ရေတွက်နိုင်ပြီဟုလည်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောသည်။ စစ်တက္ကသိုလ်အပတ်စဉ် ၃၉ တက်ရောက်ခဲ့သူ လက်ရှိ အသက် ၅၀ ခန့်အရွယ် ဦးနေမျိုးဇင်သည် စစ်အာဏာရှင်စနစ်ကို မလိုလားသဖြင့် ၂၀၀၅ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် စစ်တပ်မှ နုတ်ထွက်ခဲ့သည်။ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှစ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက်တိုင် စစ်တပ်ကို အစဉ်တစိုက် ထောက်ပြ၊ ဝေဖန်ခဲ့သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်တွင်လည်း အကျဉ်းထောင်ထဲတွင် ဖြတ်သန်းခဲ့ရသည်။ ထို့နောက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း ထောင်က လွတ်လာခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် တောတွင်းသို့ လျှို့ဝှက်စွာ ထွက်ခွာလာခဲ့သည်။ လက်ရှိတွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ခန့်အပ်သော ဘက်ပြောင်းရေးအစီအမံ စီမံအုပ်ချုပ်ရေးကော်မတီတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button