အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အခြေခံလူတန်းစားများကို သင်္ကြန်ကာလအတွင်း အစိုးရက ဆန်၊ ဆီ၊ ဆား အခမဲ့ဝေမည်

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ ဧပြီ ၁၀ မှ ၁၉ အထိ ဆယ်ရက်တာအတွင်း အခြေခံ လူတန်းစားများကို ဆန်၊ ဆီ၊ ဆား ကဲ့သို့ အခြေခံစားသောက်ကုန် (၅) မျိုးကို အစိုးရက ထောက်ပံ့ကူညီပေးသွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်လိုက်သည်။

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာ၊ စုစုပေါင်း (၅) မျိုးကို ဧပြီ ၁၀ မှစ၍ အခမဲ့ဖြန့်ဝေသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ အနေနှင့်လည်း ဧပြီ လကုန်သည်အထိ ဓာတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိ အခမဲ့ ပေးသွားမည်ဟု ပါရှိသည်။ သို့သော် သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှာ အခမဲ့ပေးမည့်အထဲ ပါဝင်မည်မဟုတ်ပေ။

ယခု ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ နိုင်ငံအနှံ့အပြားမှ ပြည်သူများ၏ တင်ပြချက်များကို စိစစ်၍ နိုင်ငံတော်အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှာဖွေသုံးသပ်ခဲ့သည်ဟု ပါရှိသည်။

အခြေခံစားသောက်ကုန်များကို အခမဲ့ ဖြန့်ဖြူးရာတွင် မလိုလားအပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် တိုင်းနှင့် ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှုနှင့် ဌာနဆိုင်ရာများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဟု အစိုးရက ထုတ်ပြန်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button