အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောက်ဦးမြို့နယ် ပေါက်ကွဲမှု ကလေးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

ဗုံးဟုယူဆရသည့် အရာတစ်ခု ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာအနီးတွင် နွားကျောင်းနေသော ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးငယ် လေးဦး ဒဏ်ရာရသွားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ပေါက်ကွဲမှုဖြစ်သည့်နေရာမှာ ပေါင်းတုတ်အမည်ရှိ ရွာတစ်ရွာနှင့် တစ်မိုင်ခန့်ဝေးသည့် နေရာဖြစ်ပြီး သောကြာနေ့ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပေါင်းတုတ်ရွာကြီးနေ အသက် ၁၂ နှစ်အရွယ် မောင်ဘုချေမှာ ဝမ်းဗိုက်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားကာ ကလေးငယ် လေးဦးလည်း ဒဏ်ရာရသွားသည်ဟု ပေါင်းတုတ်ရွာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးထွန်းနိုင်က Myanmar Now ကို ပြောသည်။

ဒဏ်ရာရသူလေးဦးမှာ ပေါင်းတုတ်ရွာကြီးနှင့် ပလောင်တောရွာတို့မှ အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အသီးသီးရှိသည့် ကလေးငယ်များဖြစ်သည်။

“ရွာဈေးဆိုင်မှာထိုင်နေတုန်း ပေါက်ကွဲသံကြားလိုက်ရတယ်” ဟု ဦးထွန်းနိုင်ကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါပေါက်ကွဲမှုမှာ မည်သည့်ပစ္စည်းဖြစ်ကြောင်းနှင့် မည်သည့်လူ သို့မဟုတ် အဖွဲ့အစည်းပိုင် ပစ္စည်းမှန်း Myanmar Now အနေဖြင့် မသိရှိရသေးပါ။ လွန်ခဲ့သည့် ရက်အနည်းငယ်က ပေါင်းတုတ်ရွာကြီးနှင့် မိုင်အနည်းငယ်ဝေးသည့် တောင်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည်ဟု ဒေသခံများကဆိုသည်။

သို့သော် AA ကမူ ထိုပေါက်ကွဲခဲ့သည့်အရာမှာ ၎င်းတို့အဖွဲ့နှင့်ဆိုင်သော ပစ္စည်းမဖြစ်နိုင်ကြောင်းဆိုသည်။ တပ်မတော်ဘက်ကို ဆက်သွယ်သော်လည်း သောကြာနေ့ ညနေ ၃ နာရီခွဲခန့်အထိ ဆက်သွယ်မရသေးပါ။

သေဆုံးသွားသည့် ကလေးကို ပေါင်းတုတ်ရွာကြီးတွင် သင်္ဂြိုဟ်ရန်ပြင်ဆင်နေပြီး ဘယ်ဘက်ပေါင်တွင် ဒဏ်ရာရထားသည့် ၁၂ နှစ်အရွယ်ကလေးတစ်ဦးကို မြောင်းဘွေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဦးထွန်းနိုင်ကဆိုသည်။

ပလောင်တောရွာမှ ကလေး ၃ ဦးကိုမူ ဒဏ်ရာမပြင်းထန်သည့်အတွက် ဆေးရုံမပို့ဘဲ ရွာမှာပင်ထားသည်ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသော်လည်း ပေါင်းတုတ်ရွာကြီးအနီးတွင် ယခင်က တိုက်ပွဲများဖြစ်ပွားခဲ့ဖူးခြင်းမရှိသလို ရွာခံများ ထိခိုက်ဒဏ်ရာရမှုလည်း မရှိခဲ့ပေ။

ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိလာသည်။

ဖေဖော်ဝါရီ ၁၃ တွင် ဘူးသီးတောင်မြို့နယ် ခမွီချောင်းကျေးရွာရှိ စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့သည့်အတွက် ကျောင်းသား ၂၁ ဦး ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်နှင့် AA နှစ်ဖက်စလုံးက ဝန်မခံဘဲ အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles