အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းပြားမြို့အတွင်း လက်နက်ကြီးကျ၍ တစ်ဦးသေ၊ ၅ ဦးဒဏ်ရာရ

လူနေရပ်ကွက်ပေါ် လက်နက်ကြီးကျည်ကျသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၈ ရက် (ယနေ့) မနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ မင်းပြားမြို့နယ် ရာမောင်မြစ်အတွင်း ယနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ မင်းဘာကြီးရပ်ကွက်ထဲသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင်က ပြောသည်။

မနက် ၂ နာရီခွဲခန့်တွင် ယင်းမြို့နယ် ကြပ်စင်တံတားအနီးတွင် သေနတ်သံများကြားရကြောင်း၊ “သေနတ်သံတွေကြားပြီး မကြာဘူး မင်းဘာကြီးရပ်ကွက်ထဲကို လက်နက်ကြီးကျပြီး အဲဒီအမျိုးသမီး သေဆုံးသွားတာ” ဟု ဦးလှသိန်းအောင်က ပြောသည်။

သေဆုံးသွားသူအမျိုးသမီးမှာ ဒေါ်သန်းနုရီ(၄၅ နှစ်)ဖြစ်ပြီး ရင်ဘတ်တွင် လက်နက်ကြီးကျည်ထိမှန်သည့် ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မနက် ၅ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးသွားပြီးနောက် သေဆုံးသူနှင့် ဒဏ်ရရသူများကို မင်းပြားဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့မနက် ၂ နာရီလောက်က စစ်ကူပို့ရန်အတွက် စစ်သားအများအပြားတင်ဆောင်လာသည့် တပ်မတော်ရေမှ ဇက်သင်္ဘောသုံးစီးကို မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးတွင် AAတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု AA ပြောခွင့်ရအရာရှိ ခိုင်သုခက ပြောသည်။

မင်းပြားမြို့နယ်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးမှာ တပ်မတော်ဘက်မှ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက စွပ်စွဲသည်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် အမျိုးသမီးသေဆုံးရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို Myanmar Now က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရခိုင်တိုက်ပွဲများအတွင်း အရပ်သားသေဆုံးသည့်အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိပြီး ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ တိုက်ပွဲပြင်းထန်သည့် တစ်နှစ်ကျော်အတွင်း အရပ်သားသေဆုံးသူအရေအတွက် ၁၀၀ ကျော်အထိရှိနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles