အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နောင်ချိုတွင် တိုက်ပွဲ နေ့စဉ်ဖြစ်ပွား၊ သေဆုံးသူများထဲတွင် ကလေး ၂ ဦး ပါဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ပါဝင်သော တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေရာ ဒေသခံ အများအပြား ပိုမိုလုံခြုံမည့်နေရာများတွင် သွားရောက်ခိုလှုံနေကြရကြောင်း သိရသည်။

မန္တလေးတိုင်းနှင့် ကပ်လျက်တည်ရှိသော ထိုမြို့နယ်တွင် အခြေစိုက်သည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က ဧပြီ ၅ ရက်မှ ၁၁ ရက်အထိ ဟိုခိုကျေးရွာ ဝန်းကျင်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး မြို့နယ်တစ်ခုလုံးကို စစ်မျက်နှာ ကျယ်ပြန့်လာနေသည်ဟု ဆိုသည်။

မိနစ်ပိုင်း၊ နာရီပိုင်းကြာသည့် တိုက်ပွဲများအပြင် တစ်နေကုန် တိုက်ခိုက်ကြသည့် ရင်ဆိုင်တိုက်ပွဲများလည်း ဖြစ်ပွားနေခြင်းဖြစ်ကြောင်း MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။

​နောင်ချိုမြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီ မြေပြင်တပ်က ၈၁ မမ စိန်ပြောင်း၊ ၁၂၀ မမ တာဝေးပစ်လက်နက်၊ ၁၅၅ မမ အမြောက်များ အသုံးပြုနေသည်၊ တစ်ပတ်တာ ရင်ဆိုင်တိုက်ပွဲ အကြိမ် ၂၀ ကျော်အတွင်း နှစ်ဖက်စလုံးမှ ထိခိုက် ကျဆုံးမှုများရှိသည်ဟု MDY-PDF  ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“တိုက်ပွဲတွင်းကတော့ စစ်ကောင်စီဘက်က လက်နက်ကြီးအစုံနဲ့ ပစ်တယ်၊ လေကြောင်းကတော့ ၁၀ ရက်နေ့ တစ်ရက်တည်းမှာတင် ၅ ကြိမ်လုပ်တယ်၊ ည ၁၂ နာရီကျော်အထိကို လေယာဉ်နဲ့ ပစ်နေတုန်း၊ စစ်ဆင်ရေးအတွင်းမှာတော့ ကိုယ့်ဘက်ကလည်း ရဲဘော်အချို့ ထိခိုက်ကျဆုံးရှိတယ်၊ စစ်ကောင်စီဘက်ကလည်း ၁၀ ရက်နေ့ တစ်ရက်တည်းကို ၃၀ ကျော် ကျတယ်” ဟု ကိုအော်စမွန်က ဆိုသည်။

သေဆုံးမှု ကိန်းဂဏန်းနှင့် ပတ်သက်၍ Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။

ဒေသတွင်းသတင်းဌာန ရွှေဖီမြေက တိုက်ပွဲများကြောင့် ဒေသခံတို့ နောင်ချိုမြို့ပေါ်သို့ သွားရောက် ခိုလှုံနေကြကြောင်း ရေးသားထားသည်။

တိုက်ပွဲများ စတင်သည့် ဧပြီ ၅ ရက်နေ့ ပစ်ခတ်မှုများကြောင့် သံဘိုကျေးရွာမှ ကလေး ၂ ဦး သေဆုံးသည်ဟု သျှမ်းသံတော်ဆင့်သတင်းဌာန အွန်လိုင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

၁၁ လအရွယ် စိုင်းဝါဝါထွန်း၊ သူ၏ အစ်မ ၁၄ နှစ်အရွယ် နန်းမအေးတို့ သေဆုံးပြီး မိဘများ ဒဏ်ရာရသဖြင့် ဆေးရုံပို့ထားရသည်ဟု ဒေသခံများက ပြောကြောင်း ဧပြီ ၆ ရက်နေ့ထုတ် အဆိုပါသတင်းတွင် ဖော်ပြထားသည်။

စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ထိုသို့ သေဆုံး၊ ဒဏ်ရာရခြင်းဖြစ်သည်ဟု ဖော်ပြထားသော်လည်း စစ်ကောင်စီက ယနေ့အထိ ထိုသတင်းနှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးပေ။

နောင်ချိုတွင် အခြေစိုက် လှုပ်ရှားနေသော MDY-PDF သည် ထိုဒေသရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းပြီး မန္တလေးတိုင်းအတွင်းမှ စစ်ကောင်စီပစ်မှတ်များကိုလည်း တိုက်ခိုက်လျက်ရှိသည်။ 

အာဏာသိမ်းမှုဆန့်ကျင်သူတို့ ပစ်သတ်ခံရပြီးနောက် မန္တလေးမှ လက်နက်ကိုင် ခုခံလိုသူ အများအပြားမှာ TNLA နယ်မြေသို့ သွားရောက်ခဲ့ကြသည်။

နောင်ချိုမြို့သည် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် ကပ်လျက် တည်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button