သတင်း

ရခိုင်မြောက်ပိုင်းတွင် မူလွန်ကျောင်းကို လက်နက်ကြီးကျ၍ ကျောင်းသား ၁၇ ဦးဒဏ်ရာရ

ကျေးရွာ မူလတန်းလွန်ကျောင်း တစ်ကျောင်းကို လက်နက်ကြီးကျည်ကျရောက်ပြီး ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်ရပ် ယနေ့ နံနက် ၁၀ နာရီ ခန့်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက် နံနက်ကတည်းက ဘူးသီးတောင်မြို့အနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး နံနက် ၁၀ နာရီခန့်တွင် ခမီတိုင်းရင်းသားများ နေထိုင်သည့် ခမွိချောင်းကျေးရွာ မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်ဆန် ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ ဘူးသီးတောင်မြို့နယ် အတွင်းရေးမှူး ဦးမောင်မြင့်ထွန်းက Myanmar Now ကို ပြောသည်။

ယင်းဒဏ်ရာရသူ ၁၇ ဦးတွင် ၈ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဘူးသီးတောင်ဆေးရုံတွင် ရောက်ရှိနေသည့် ဦးမောင်မြင့်ထွန်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် တပ်မတော်နှင့် AA ထံ ဆက်သွယ်၍မရသေးပေ။

ခမွိချောင်းကျေးရွာတွင် ခမီတိုင်းရင်းသားများ နေထိုင်ကြပြီး အိမ်ခြေ ၅၀ လူဦးရေ ၃၀၀ ကျော် ရှိသည်။

တပ်မတော်နှင့် AA တို့အကြားဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ဒဏ်ရာရမှုများလည်း မကြာခဏဖြစ်လေ့ရှိသည်။

ဇန်နဝါရီလ ရက်နေ့ကလည်း ထိပ်တူးပေါက်ရွာမှ ကျောင်းသားတစ်စု ရွာအနီးထင်းကောက်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၀ ဝန်းကျင်ခန့် ရှိသည့် ကလေး ယောက် သေဆုံးခဲ့ပြီး ဦးခန့် ဒဏ်ရာရခဲ့သည်။

ထို့အပြင် ဇန်နဝါရီ ၂၅ ရက် နေ့ နံနက် နာရီခန့်က ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ရွာအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့သောကြောင့် အသက် ၁၈ နှစ်နှင့် အသက် ၂၈ နှစ်အရွယ်ရှိသည့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ဦးအထိ ရှိခဲ့သည်။

 

စစ်တွေအခြေစိုက် ရခိုင်စစ်ရှောင်များအရေး ဆောင်ရွက်နေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏အချက်အလက်များအရ ရခိုင်တိုက်ပွဲတွင်း အရပ်သားသေဆုံးသူ အရေအတွက်မှာ ၁၀၀ ကျော်အထိ ရှိပြီဖြစ်သည်။

 

Show More

Related Articles

Back to top button