အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

ကောက်စိုက်တေးအစား တော်လှန်တေးသံ ပျံ့လွှင့်နေတဲ့ အညာလယ်ကွင်းပြင်

စစ်တလင်းသဖွယ်ဖြစ်နေသည့် စစ်ကိုင်းတိုင်းအတွင်း လယ်ကွင်းပြင်တစ်ခုတွင် ကောက်စိုက်နေကြသည့် အညာသူများက ‘သွေးသစ္စာ’ အမည်ရှိ တော်လှန်ရေးသီချင်းကို မာန်ပါပါ သီဆိုနေကြသည်။ ထိုကောက်စိုက်သမများသည် စစ်တပ်လက်ချက်ကြောင့် နေအိမ်အလုံး ၇၀ကျော် မီးလောင်ပျက်စီးသွားသည့် ခင်ဦးမြို့နယ်၊ သာဂရကျေးရွာ ဒေသခံများ ဖြစ်ကြသည်။

ဒေသခံများသည် စစ်တပ်ရန်ကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပုံမှန်မလုပ်နိုင်သေးပါ။ စစ်ကောင်စီတပ် စစ်ကြောင်းမလာမှသာ စားဝတ်နေရေးအတွက် လယ်ယာလုပ်ငန်းခွင်ထဲ ဆင်းကြရသည်။ စစ်တပ်အာဏာသိမ်းပြီး ၂နှစ်ကျော်အတွင်း ဆန်၊ ဆီ၊ စက်သုံးဆီ ကဲ့သို့ အခြေခံကုန်ဈေးနှုန်း ၂ဆနီးပါး မြင့်တက်သွားသည်။ စစ်ကိုင်းတိုင်းဒေသခံများသည် ကုန်ဈေးနှုန်းဒဏ်ကို ခါးစီးခံရသည့်အပြင် စစ်ကောင်စီတပ် စစ်ကြောင်းလာလျှင်လည်း အသက်လုပြီး ထွက်ပြေးနေရသည်။ စစ်အာဏာသိမ်းပြီးနောက် ကြုံတွေ့ရသည့် ဒုက္ခ၊ သုက္ခများနှင့် ၎င်းတို့၏ တော်လှန်ရေးခံယူချက်များကို ဒေသခံများက ပြောပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)Show less

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button