သတင်း

ဗစ်တိုးရီးယား၏ အဖေနှင့်ရှေ့နေများအပါအဝင် ၆ ဦးကို ကျောင်းကြီးကြပ်ရေးမှူးက အမှုဖွင့်

နေပြည်တော်မှ နာမည်ကျော် သက်ငယ်မုဒိမ်းမှုတွင် ဗစ်တိုးရီးယား အဖေနှင့် ရှေ့နေများအပါအဝင် ဦးကို Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်လိုက်သည်။

ဗစ်တိုးရီးယား၏ အဖေ၊ ဦးလေး၊ အဒေါ်တို့အပြင် ရှေ့နေဒေါ်ရွက်နုအောင်၊ ကိုအောင်ကြီး၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်နှင့် သက္ကမိုးညို() ဒေါက်တာဝင်းကိုကိုသိန်းတို့ ဦးကို စက်တင်ဘာလ ၂၆ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေ ရဲစခန်းထံမှ သိရသည်။

၎င်းတို့ ဦးကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁က ()ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း အဆိုပါရဲစခန်းက အတည်ပြုဖြေကြားသည်။

ဒေါ်ဥမ္မာလှိုင်သည် အခင်းဖြစ်ပွားချိန်တွင် Wisdom Hill ကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူးအဖြစ် တာဝန်ယူနေခဲ့ပြီး Victoria အမှုတွင် ရဲက တရားခံဟု စွပ်စွဲထားသည့် ကိုအောင်ကြီးသည် ဒေါ်ဥမ္မာလှိုင်၏ ယာဉ်မောင်းလည်းဖြစ်သည်။ ယနေ့အချိန်တွင် ဒေါ်ဥမ္မာလှိုင်သည် Wisdom Hill ကျောင်းတွင် ဆက်လက် တာဝန်ထမ်းဆောင်နေခြင်း ရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးပေ။

အမှုဖွင့်ခံရခြင်းနှင့် ပတ်သက်၍ Myanmar Now က သက္ကမိုးညိုကို ဆက်သွယ်မေးမြန်းရာတွင်  “အထွေအထူးမပြောချင်ပါဘူး သူတို့ဖွင့်ပါစေဟုသာ ပြန်လည်ပြောဆိုသည်။

ဗစ်တိုးရီးယားဟု အမည်ဝှက် ပေးထားသည့် ကလေးငယ် မုဒိမ်းပြုကျင့်ခံရသည်ဟု မေလအတွင်းက ပေါ်ပေါက်ပြီးနောက် ၎င်း၏ဖခင်က ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးဖြစ်သော ကိုကိုနှင့် ညီညီတို့အပါအဝင် လူအချို့၏ဓာတ်ပုံများကို ကလေးအား ပြသမေးမြန်းထားသည့် ဗီဒီယိုဖိုင် ခုပါ လက်ကိုင်ဖုန်းကို ဒက္ခိဏခရိုင်တရားရုံးသို့ တင်သွင်းခဲ့သည်။

ယင်းလက်ကိုင်ဖုန်းကို လေးကြိမ်မြောက် တရားခွင်ဖြစ်သော သြဂုတ်လ ၁၄ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ပြီး အဆိုပါ ရုပ်သံဖိုင် ခုနှင့် ပတ်သက်၍ မီဒီယာများကို ပြောဆိုခဲ့သည့် အချက်များအပေါ် ဒေါ်ဥမ္မာလှိုင်က အရေးယူပေးရန် တင်ပြထားခြင်းဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါကိစ္စဖြင့်ပင် ဗစ်တိုးရီးယားအမှုတွင် ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ယာဉ်မောင်း ကိုအောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင်ကိုလည်း သြဂုတ် ၃၁ ရက်နေ့ကတည်းက တရားစွဲဆိုထားပြီး ယခုတွင် ၎င်းတို့ ဦးကို ထပ်မံတရားစွဲဆိုခြင်းဖြစ်သည်။

ဒေါ်စုဒါလီအောင်ကို ပုဒ်မသုံးခုဖြင့် ရဲစခန်းတွင် အမှုဖွင့် စွဲချက်တင်ခဲ့သော်လည်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁က () တစ်ခုတည်းဖြင့် အမှုကို လက်ခံ စစ်ဆေးမည်ဖြစ်ကြောင်း တရားသူကြီးက စက်တင်ဘာလ ၂၅ ရက်နေ့ တရားခွင်တွင် ပြောဆိုခဲ့သည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁က () (စွပ်စွဲခံရသော သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ်ပါဝင်သော ကလေးသူငယ်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်မှု) သည် ထောင်ဒဏ် တစ်နှစ်အထိ အများဆုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

Show More

Related Articles

Back to top button