သတင်း

အဖွဲ့ကွဲနေသော ချင်း၊ ကချင်နှင့် မွန်ပါတီများ အချင်းချင်းပေါင်းစည်း

ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ  ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီများ ပူးပေါင်းကာ မှတ်ပုံတင်လိုက်ပြီဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရည်ရွယ်သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပူးပေါင်းကာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ အဖြစ်လည်းကောင်း၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့  ပူးပေါင်းကာ မွန်ညီညွတ်ရေးပါတီအဖြစ်လည်းကောင်း ပေါင်းစည်းလိုက်ပြီဖြစ်သည်။

ပါတီဟောင်းများ ဖျက်သိမ်းခွင့်ပြုကြောင်းနှင့် ပါတီသစ်များကို မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

မွန်ပါတီများပူးပေါင်းကာ တည်ထောင်လိုက်သည့် မွန်ညီညွတ်ရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ (၃) နိုင်ချမ်းတွဲ့က မွန်ပါတီများ ပူးပေါင်းခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်ခြင်းဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအထိ ပါတီဝင်အင်အားများ စုစည်းနေကြောင်းဆိုသည်။

ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်ပဲလေ နိုင်လဲနိုင်ခဲ့တာပဲလေ။ ၁၉၉၀ လောက်မှာရော ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကျွန်တော်တို့က ၁၅၊၁၆ ( လွှတ်တော်ကိုယ်စားလှယ်) နေရာ ရခဲ့တာလဲ ရှိတယ်လေ ဟု ၎င်းကပြောသည်။

နိုင်ချမ်းတွဲ့မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံခဲ့သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး မွန်နှစ်ပါတီ ပူးပေါင်းတည်ထောင်လိုက်သည့် မွန်ညီညွတ်ရေးပါတီတွင် ဒုတိယဥက္ကဋ္ဌ () တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

မွန်နှစ်ပါတီ ပူးပေါင်း တည်ထောင်လိုက်သည့် မွန်ညီညွတ်ရေးပါတီတွင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် မွန်အမျိုးသားပါတီ၏ ဒုတိယဥက္ကဋ္ဌ နိုင်တင်အောင်() နိုင်တလနွန်မှာ ဥက္ကဋ္ဌ ဖြစ်လာသည်။

ဇွန်လ ရက်နေ့ကလည်း ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ပါတီဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်) တို့ကို ပူးပေါင်းပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီအဖြစ် ပြောင်းလဲ တည်ထောင်ခဲ့ကြသည်။

ပြည်နယ်ကိုယ်စားပြု ထူထောင်ထားသော တိုင်းရင်းသား နိုင်ငံရေးပါတီများမှာ အဖွဲ့ကွဲနေသဖြင့် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရာတွင် မဲပြန့်သွားပြီး အင်အားကြီးပါတီများကသာ အနိုင်ရသွားနိုင်သဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရစေရန်အတွက် ယခုကဲ့သို့ အချင်းချင်း ပေါင်းစည်းလာခြင်းဖြစ်သည်။

စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ(ကချင်) ဥက္ကဋ္ဌဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးခက်ထိန်နန်က ကချင် ပါတီ ပူးပေါင်းနိုင်ရန် ၂၀၁၃ ခုနှစ်ကတည်းက အချိန်ယူဆောင်ရွက်ခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ရည်ရွယ်သည်ဟု ဆိုသည်။

မကြာခင်အချိန်တွင် ပါတီညီလာခံခေါ်ယူပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်သွားမည်ဖြစ်ပြီး ယခုအချိန်မှသာ တစ်ပြည်နယ်လုံးအတိုင်းအတာ ပေါင်းစည်းနိုင်ခြင်းဖြစ်၍ ကြိုးစားဖို့ လိုအပ်နေသေးသည်ဟု ၎င်းကဆိုသည်။

မပူးပေါင်းဘဲ ယှဉ်ပြိုင်တာထက်စာရင် ပူးပေါင်းပြီးတော့ ကြိုးစားပြီးတော့ ယှဉ်ပြိုင်ရင်တော့ နိုင်တဲ့အနေအထားကတော့ အရင် ၂၀၁၅ ထက်တော့ ပိုပြီးတော့ အခြေအနေကောင်းလာမှာ သေချာပါတယ် ဟု ၎င်းကပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ၂၀၂၀ ရွေးကောက်ပွဲတွင်  ပြည်နယ်များတွင် တိုင်းရင်းသားပါတီများ အနိုင်ရရှိရန် အရေးကြီးပြီး ယခုကဲ့သို့ ပူးပေါင်းလိုက်ခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ရည်ရွယ်သည်ဟု ယူဆကြောင်းပြောသည်။

သို့သော်လည်း တိုင်းရင်းသားပါတီများအနေဖြင့် ပြည်ခိုင်ဖြိုးပါတီ၊ NLDပါတီ တို့နှင့် ယှဉ်ပြိုင်နိုင်ရန် ယခုထက်ပိုမိုပြီး ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေပြီး သူနိုင်၊ကိုယ်နိုင် အခြေအနေမျိုးကို ဖန်တီးရန် NLD နှင့် ညှိနှိုင်းသင့်သည်ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပြည်နယ်မဲဆန္ဒနယ်တွေမှာ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ယှဉ်ပြိုင်နိုင်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် သာမက တိုင်းရင်းသားပါတီတွေအတွက်ပါ သူနိုင်၊ကိုယ်နိုင် အခင်းအကျင်းတစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ ယူဆပါတယ်ဟု ၎င်းကပြောသည်။

Show More

Related Articles

Back to top button